• Follow Us on

Home ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများပြည်သူများအတွက် မျှတသောစရိတ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း ကျန်မာရေးဝန်ကြီးပြောကြား

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများပြည်သူများအတွက် မျှတသောစရိတ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း ကျန်မာရေးဝန်ကြီးပြောကြား

Share this post

နေပြည်တော်၊ မတ် ၄

 

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ သတ်မှတ်ထားသောစည်းကမ်းချက်များနှင့်အညီ ပြည်သူများအတွက် မျှတသောစရိတ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက် လျှက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။

 

ဒသမအကြိမ်မြောက် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း နှစ်ပတ်လည်အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် Virtual စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း တက်ရောက်အမှာ စကားပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ကျန်းမာရေးဝန်ကြီးဌာနဟာ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ အရည်အသွေးပြည့်ပြီး ပြည်သူတွေအတွက် မျှတသောစရိတ်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ စစ်ဆေးခြင်းနဲ့ ကြီးကြပ်ကွပ်ကဲဖို့တာဝန်ရှိတဲ့အတွက် တိုင်းဒေသကြီး/ ပြည်နယ် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ဆိုင်ရာ ကြီးကြပ်ရေးကော်မတီအဆင့်ဆင့်အနေနဲ့ အခါအားလျော်စွာ ကွင်းဆင်းစစ်ဆေးတာတွေ ဆောင်ရွက် လျှက်ရှိပါတယ်။ ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်ခြင်းမရှိရင် ဥပဒေနဲ့အညီ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။

 

နိုင်ငံတော်၏ ကျန်းမာရေးမူဝါဒနှင့်အညီ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ထောက်ပံ့ကူညီ ဆောင် ရွက်ပေးသွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းအနေဖြင့်လည်း ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်း များ၏ အရည်အသွေးထိန်းသိမ်းမြှင့်တင်ခြင်းနှင့် ပြည်သူများအတွက် မျှတသောစရိတ်ဖြင့် အရည်အသွေးပြည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်မည်ကို ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြား ခဲ့သည်။

 

#PeopleMedia

 

(unicode)


………………………………………

 


 


 


 


 


 

#PeopleMedia


Share this post