• Follow Us on

Home ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးအတွက် လက်ရှိကမ္ဘာ့အခင်းအကျင်းနှင့် ကိုက်ညီသည့်မူဝါဒများကို ချမှတ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးကူးဝန်ကြီးပြောဆို

ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးအတွက် လက်ရှိကမ္ဘာ့အခင်းအကျင်းနှင့် ကိုက်ညီသည့်မူဝါဒများကို ချမှတ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးကူးဝန်ကြီးပြောဆို

Share this post

နေပြည်တော်၊ မတ် ၄

 

ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးအတွက် လက်ရှိ ကမ္ဘာ့အခင်းအကျင်းနှင့် ကိုက်ညီသည့် မူဝါဒများကို ချမှတ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောဆိုသည်။

 

စပါး၊ ဆန် ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် ပြည်ပဈေးကွက်များသို့ စဉ်ဆက်မပြတ် တိုးမြှင့်တင်ပို့နိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့သည်။

 

“ပြည်တွင်းစားနပ်ရိက္ခာဖူလုံဖို့အတွက် လက်ရှိ ကမ္ဘာ့အခင်းအကျင်းနဲ့ ကိုက်ညီတဲ့ မူဝါဒတွေကို ချမှတ်ပြီး ဆောင်ရွက်သွားမှာဖြစ်ပြီး ဌာနတွေနဲ့ သက်ဆိုင်ရာ အသင်းအဖွဲ့တွေက ကဏ္ဍအလိုက် လိုက်ပါအကောင် အထည်ဖော်ဆောင်ရွက်သွားရမှာ ဖြစ်တယ်။ အခက်အခဲတွေ ရှိရင်လည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေး စေလိုပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတွေက လိုအပ်တာတွေကို ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမှာဖြစ်ပါ တယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောဆိုသည်။

 

လက်ရှိ ကမ္ဘာ့တဝန်းဖြစ်ပေါ်နေသည့် အခြေအနေများအရ စားနပ်ရိက္ခာဖူလုံရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာသို့ မြန်မာ့ဆန်များ တင်ပို့ရောင်းချရာတွင် ထိုက်သင့်သည့် ဈေးနှုန်းများ ရရှိစေရေးနှင့် တန်းမြင့်ဆန်များ ပိုမိုတင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် စိုက်ပျိုးထုတ်လုပ်သည်မှ ပြည်ပတင်ပို့ရောင်းချသည်အထိဆန်စပါးကဏ္ဍ ထုတ်လုပ်မှုကွင်း ဆက် (Supply Chain) တစ်လျှောက် ပါဝင်လုပ်ကိုင်ဆောင်ရွက်သူအားလုံး သင့်တင့်မျှတသည့် အကျိုးအမြတ် ရရှိစေရေး ဝိုင်းဝန်းထိန်းကျောင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဆန်ကြိတ်ခွဲခြင်းမှ ထွက်ရှိလာသော ဖွဲနုကို တိရစ္ဆာန်အစားအစာအဖြစ် ရောင်းချနေခြင်းအစား အဆင့်မြင့်ကြိတ်ခွဲ ထုတ်လုပ်၍ ဖွဲနုဆီအဖြစ် ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ပြီး ပြည်တွင်းဆီလိုအပ်ချက်ကို ဖြည့်ဆည်းသွားနိုင်ရေးကိုလည်း စီမံ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့သည်။

 

#PeopleMedia

 

(unicode)


………………………………………

 


 


 


 


 


 

#PeopleMedia


Share this post