• Follow Us on

Home ပုလဲမြို့နယ် ကြောင်ဒူးဝါးကျေးရွာရှိ မသန်စွမ်း ဆရာတော်တစ်ပါး ဒလန်ဟု စွပ်စွဲခံရပြီးနောက် ညှင်းပန်း နှိပ်စက်ခံရ

ပုလဲမြို့နယ် ကြောင်ဒူးဝါးကျေးရွာရှိ မသန်စွမ်း ဆရာတော်တစ်ပါး ဒလန်ဟု စွပ်စွဲခံရပြီးနောက် ညှင်းပန်း နှိပ်စက်ခံရ

Share this post

စစ်ကိုင်း၊ နိုဝင်ဘာ ၂၇ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကြောင်ဒူးဝါးကျေးရွာ၊ ရွာဦးကျောင်းရှိ  ခြေထောက် တစ်ဖက်မသန်သည့် ဆရာတော်တစ်ပါးသည် ဒလန်ဟု စွပ်စွဲခံရပြီးနောက် ညှင်းပန်းနှိပ်စက်ခံခဲ့ရပါတယ်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၅ ရက်နေ့တွင် လက်နက်ကိုင်အဖွဲ့မှ ကြောင်ဒူးဝါးကျေးရွာ ဘုန်းကြီးကျောင်းရှိ ဆရာ တော်ကို ဒလန်ဟု စွပ်စွဲပြီးနောက် ကျောင်းတိုက်မှ ဆင်းခိုင်းပြီး ပြင်းပြင်းထန်ထန် ညှင်းပန်းနှိပ်စက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

“သူတို့ကို မထောက်ခံတဲ့ဆရာတော်မို့ ထိုးကြိတ်သွားတယ်။ ဦးဇင်းရဲ့ မျက်နှာနဲ့ ခန္တာကိုယ်တော့ ဒဏ်ရာ ရရှိသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

အလားတူ လက်နက်ကိုင်အဖွဲ့က ကြောင်ဒူးဝါးကျေးရွာရှိ နေအိမ်အချို့ကိုလည်း ဖျက်ဆီးသွားခဲ့ပါတယ်။

 

Photo – Credit

 

#PeopleMedia #ပုလဲမြို့နယ်

 

(unicode)


………………………………………………………..

 


 


 


 

“သူတို့ကို မထောကျခံတဲ့ဆရာတောျမို့ ထိုးကွိတျသှားတယျ။ ဦးဇငျးရဲ့ မကြျနှာနဲ့ ခန်တာကိုယျတော့ ဒဏျရာ ရရှိသှားတယျ” လို့ ဒသေခံတဈဦးက ပွောပါတယျ။

 


 

Photo – Credit

 



Share this post