• Follow Us on

Home ဖွဲ့စည်းပုံအရ တပ်မတော်ကို အာဏာသိမ်းခွင့် ခွင့်ပြုမထားကြောင်း တပ်မတော်ကို တုန့်ပြန်ပြောဆိုလိုက်သည့် NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်

ဖွဲ့စည်းပုံအရ တပ်မတော်ကို အာဏာသိမ်းခွင့် ခွင့်ပြုမထားကြောင်း တပ်မတော်ကို တုန့်ပြန်ပြောဆိုလိုက်သည့် NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်

Share this post

ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော်အနေဖြင့် အာဏာမသိမ်းဘူးလို့ မှတ်ယူလို့မရကြောင်း ပြောဆိုသွားတဲ့ အပေါ် People Media က လက်ရှိ အာဏာရ NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်နှင့် ဆက်သွယ် မေးမြန်းခဲ့သည်။

People Media ။ ။ ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ မရ ကြောင်း ပြောတဲ့အပေါ် စိုးရိမ်တဲ့သူတွေရော ထောက်ခံတဲ့သူတွေရော ရှိနေတော့ အဲ့ဒီအပေါ်မှာ ဆရာ ဘာပြောချင်ပါသလဲ။

ဒေါက်တာမျိုးညွှန့် ။ ။ ဖွဲ့စည်းပုံမှာ နိုင်ငံတော်အာဏာကိုသိမ်းပြီ ဒါမှမဟုတ် ထိန်းသိမ်းမယ် ဒီအတွက် တပ်မတော်တစ်ခုတည်း သဘောထားနဲ့ ဆောင်ရွက်ဖို့ ဘယ်အကြောင်းကိုမှ ခွင့်ပြုမထားပါဘူး။ နိုင်ငံမှာ ထိန်းသိမ်းရတာ ခက်ခဲတဲ့အခြေအနေမျိုး ပေါ်ပေါက်လာမှ သမ္မတရဲ့ ဆင်ခြင်တုံတရားအရ တပ်မတော်ကို ယာယီ အာဏာလွှဲပြောင်းတာတော့ ရှိပါတယ်။ အဲ့ဒီဟာအပေါ် မူတည်ပြီးတော့ ပြည်သူတွေကြားမှာ စိုးရိမ်မှုမြင့်မားတာ မဖြစ်ဖို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်တွေမှာကို ဥပဒေနဲ့အညီပဲ လုပ်မယ်ဆိုတဲ့အခါမှာ ဥပဒေနဲ့အညီမှာတော့ အာဏာသိမ်းတာ မပါပါဘူးလို့ ပြောချင်ပါတယ်။

People Media ။ ။ တပ်မတော်က ပြောထားတဲ့အထဲမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀(င)နဲ့ ၂၀(စ)ကို ရည်ညွန်းထားတဲ့အပေါ် တပ်မတော်က အာဏာသိမ်းနိုင်တယ်လို့ ပြောဆိုတာတွေရှိနေတဲ့အပေါ် ဆရာ ဘာများပြောချင်ပါသလဲ။

ဒေါက်တာမျိုးညွှန့် ။ ။ ဥပဒေကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ အဆုံးအဖြတ်ကို ခံယူ သင့်ပါတယ်။ ကိုယ်လိုသလို အဓိပ္ပါယ်ဖွင့်တဲ့အတွက် ကျွန်တော်တို့ နိုင်ငံအတွင်းမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာတာတော့ မသင့်တော်ပါဘူးလို့ ပြောချင်ပါတယ်။

People Media။ ။ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ ရွေးကောက်ပွဲမသမာမှု ဖြစ်စဉ်များနဲ့ပက်သက်ပြီး သက်သေတွေ ထုတ်ဖော်ပြသပြီး ပြောသွားတာကို ဆရာအနေနဲ့ ဘယ်လိုမှတ်ချက်ပြုနိုင်လဲ။

ဒေါက်တာမျိုးညွှန့် ။ ။ အခုလို သတင်းစာရှင်းလင်းပွဲမျိုး တပ်မတော်က လုပ်သလိုပဲ ပြည်သူရော တခြားအဖွဲ့ အစည်းတွေကရော လုပ်တာပေ့ါ။ ဒါကို တကယ် လုပ်ပိုင်ခွင့်အာဏာရှိတဲ့အဖွဲ့အစည်းကို တရားဝင်ပေးပို့မှဘဲ အဲ့ဒီအဖွဲ့အစည်းက စတင်လုပ်ဆောင်ခွင့်ရှိပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာကို တပ်မတော်သား မဲဆန္ဒရှင် နှစ်ရာကျော်ကနေပြီးတော့ ကန့်ကွက်လွှာ တင်ထားတယ်ဆိုတဲ့အကြောင်းကို ပြောသွားတာ တွေ့လိုက်ပါ တယ်။ အဲ့ဒီကန့်ကွက်လွှာ နှစ်ရာကျော်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ဖွဲ့ပြီး စိစစ်ဖို့ စစ်ဆေးဖို့ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အဲ့လိုပဲ တရားဝင် ရုံးလုပ်ငန်းအရ လွဲပြောင်းပေးဖို့လိုတယ်လို့တော့ ကျွန်တော်တို့ မြင်ပါတယ်။

Photo – သမ္မတရုံး

#PeopleMedia #ဒေါက်တာမျိုးညွှန့် #NLD #တပ်မတော်

(unicode)
………………………………………………………….








Photo – သမ်မတရုံး

#PeopleMedia #ဒေါကျတာမြိုးညှှန့ျ #NLD #တပျမတောျ


Share this post