• Follow Us on

Home အကြမ်းဖက်မှုများကို အိန္ဒိယလယ်သမားခေါင်းဆောင်များရှုတ်ချသော်လည်း ဆက်လက်ဆန္ဒပြမည်ဟုဆို

အကြမ်းဖက်မှုများကို အိန္ဒိယလယ်သမားခေါင်းဆောင်များရှုတ်ချသော်လည်း ဆက်လက်ဆန္ဒပြမည်ဟုဆို

Share this post

နယူးဒေလီ၊ ဇန်နဝါရီ ၂၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

မြို့တော်ဒေလီတွင် အင်္ဂါနေ့က လယ်ယာစိုက်ပျိုးရေးကဏ္ဍပြုပြင်ပြောင်းလဲမှုများအပေါ် အကြီး အကျယ်ဆန္ဒပြရာ အကြမ်းဖက်မှုများဖြစ်ပွားခဲ့ခြင်းကို အိန္ဒိယလယ်သမားခေါင်းဆောင်များက ရှုတ်ချသည်။

ငြိမ်းချမ်းစွာချီတက်ဆန္ဒပြမှုများကြား အဓိကရုဏ်းများဖြစ်ပွားခြင်းအပေါ်အပြစ်တင်လျက် ဆန္ဒပြမှုများကို ဖျက်သိမ်းမည်မဟုတ်ဟုလည်း ဖြည့်စွက်ပြောသည်။

မြို့စွန်မှဆန္ဒပြသူများက မြို့ထဲအတင်းဝင်လာပြီးနောက် လယ်သမားထောင်ချီနှင့်ရဲများ ထိပ်တိုက်ရင်ဆိုင်ခဲ့ သည်။

ဆန္ဒပြသူ ၁ ယောက်သေဆုံးခဲ့ပြီး ရဲအရာရှိ ၈၀ ကျော်ဒဏ်ရာရခဲ့သည်။

ရဲများကမောင်းမထုတ်မချင်း သမိုင်းဝင် ခံတပ်နီနှင့်မြို့ရိုးများကို လယ်သမားအချို့ကဝင်စီးနင်းခဲ့သည့် ဆန္ဒပြမှုများနောက်ပိုင်း အစိုးရက အရံတပ်ဖွဲ့ဝင်များဖြင့်အားဖြည့်ထားသည်။

စိုက်ပျိုးရေးပြုပြင်ပြောင်းလဲမှုများသည် ထိုကဏ္ဍကို ပိုမိုလွတ်လပ်ပွင့်လင်းစေမည်ဟု အစိုးရကပြောသော်လည်း ထိုပြုပြင်ပြောင်းလဲမှုများကြောင့် ပိုမိုဆင်းရဲလာမည်ဟု လယ်သမားများကပြောသည်။

ပြီးခဲ့သည့်နိုဝင်ဘာလမှစတင်ကာ ဒေလီမြို့စွန်တွင် လယ်သမားသောင်းချီက ထိုပြုပြင်ပြောင်းလဲမှုဥပဒေများကို ရုတ်သိမ်းရန် တောင်းဆိုဆန္ဒပြနေသည်။

ပြီးခဲ့သည့်တပတ်တွင် ထိုဥပဒေများကို ဆိုင်းငံ့ထားရန် အစိုးရက ကမ်းလှမ်းသော်လည်း လယ်သမားများက ပယ်ချခဲ့သည်။

Ref : India farmer leaders condemn violence but won’t call off protests

#PeopleMedia

(unicode)
……………………………………………………..





ဆန်ဒပွသူ ၁ ယောကျသဆေုံးခဲ့ပွီး ရဲအရာရှိ ၈၀ ကြောျဒဏျရာရခဲ့သညျ။





Ref : India farmer leaders condemn violence but won’t call off protests

#PeopleMedia


Share this post