• Follow Us on

Home ဗီယက်နမ် ငါးဖမ်းလှေတစ်စီးကို ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ ဖမ်းဆီး

ဗီယက်နမ် ငါးဖမ်းလှေတစ်စီးကို ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ ဖမ်းဆီး

Share this post

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ဟာ နိုင်ငံအနောက်ပိုင်း ပလာဝမ်ပြည်နယ်က မန်ဆီး ကမ်းရိုးတန်းရေပြင်ပိုင်နက်မှာ ဗီယက်နမ် ငါးဖမ်းလှေတစ်စီးကို စက်တင်ဘာ ၂၇ ရက်နေ့က ဖမ်းဆီးမိခဲ့ပါတယ်။
လှေပေါ်လိုက်ပါလာတဲ့ ဗီယက်နမ်နိုင်ငံသား ၈ ဦးကို ထိန်းသိမ်းထားပြီး အရေးယူဆောင်ရွက်မှုတွေပြုလုပ်သွားဖို့ရှိ နေပါတယ်။ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့တွေဟာ ငါးဖမ်းလှေကို စစ်ဆေးခဲ့ရာမှာ ငါးမန်းပေါက်တွေကို တွေ့ရှိခဲ့ပါတယ်။
ဖိလစ်ပိုင် သက်ဆိုင်ရာအစိုးရအာဏာပိုင်တွေဟာ ဖမ်းဆီးထားတဲ့ ဗီယက်နမ်နိုင်ငံသား ၈ ဦးနဲ့ ထိန်းသိမ်းထား တဲ့လှေအတွက် ရှေ့ဆက်လုပ်ဆောင်ဖို့ အရေးပေါ်အစည်းအဝေးတစ်ခုပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။


Share this post