• Follow Us on

Home ဘဂၢဒက္ေလဆိပ္အနီး အေမရိကန္စစ္စခန္း ေရာ့ကတ္မ်ားျဖင့္ တိုက္ခိုက္ခံရ

ဘဂၢဒက္ေလဆိပ္အနီး အေမရိကန္စစ္စခန္း ေရာ့ကတ္မ်ားျဖင့္ တိုက္ခိုက္ခံရ

Share this post

အီရတ္ၿမိဳ႕ေတာ္ ဘဂၢဒက္က အျပည္ျပည္ဆိုင္ရာေလဆိပ္အနီး အေမရိကန္တပ္ဖြဲ႕၀င္ေတြခ်ထားတဲ့ စစ္စခန္း တစ္ခု ေရာ့ကတ္ေတြနဲ႕ တိုက္ခိုက္ခံခဲ့ရၿပီး ၆ ဦးဒဏ္ရာရရွိခဲ့ပါတယ္။

ဒဏ္ရာရရွိသူေတြဟာ အေမရိကန္တပ္ဖြဲ႕၀င္ေတြေလ့က်င့္ေပးထားတဲ့ အီရတ္အၾကမ္းႏွိမ္ႏွင္းေရးအထူးတပ္ဖြဲ႕ ၀င္ေတြျဖစ္ၾကပါတယ္။

ဒဏ္ရာရရွိသူ ၂ ဦးကေတာ့ အေရးေပၚအေျခအေနမွာရွိေနပါတယ္။ ပစ္ခတ္မႈျဖစ္ပြားခဲ့တဲ့ေနရာအနီးမွာ မပစ္ရ ေသးတဲ့ ေလာင္ခ်ာနဲ႔ ေရာ့ကတ္ေတြကို ေတြ႕ရွိရၿပီး အႀကီးစားတိုက္ခိုက္မႈျပဳလုပ္ဖို႔ စီစဥ္ထားတာကို ေတြ႕ရပါ တယ္။

အခုတိုက္ခိုက္မႈအတြက္ ဘယ္အဖြဲဲ႕အစည္းကမွ တာ၀န္ရွိေၾကာင္း မေၾကညာေသးပါဘူး။

Ref; adiofarda.com

#PeopleMedia #International

(Unicode)
ဘဂ္ဂဒက်လေဆိပ်အနီး အမေရိကန်စစ်စခန်း ရော့ကတ်များဖြင့် တိုက်ခိုက်ခံရ
……………………………………………………………

အီရတ်မြို့တော် ဘဂ္ဂဒက်က အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး အမေရိကန်တပ်ဖွဲ့ဝင်တွေချထားတဲ့ စစ်စခန်း တစ်ခု ရော့ကတ်တွေနဲ့ တိုက်ခိုက်ခံခဲ့ရပြီး ၆ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ဒဏ်ရာရရှိသူတွေဟာ အမေရိကန်တပ်ဖွဲ့ဝင်တွေလေ့ကျင့်ပေးထားတဲ့ အီရတ်အကြမ်းနှိမ်နှင်းရေးအထူးတပ်ဖွဲ့ ဝင်တွေဖြစ်ကြပါတယ်။

ဒဏ်ရာရရှိသူ ၂ ဦးကတော့ အရေးပေါ်အခြေအနေမှာရှိနေပါတယ်။ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာအနီးမှာ မပစ်ရ သေးတဲ့ လောင်ချာနဲ့ ရော့ကတ်တွေကို တွေ့ရှိရပြီး အကြီးစားတိုက်ခိုက်မှုပြုလုပ်ဖို့ စီစဉ်ထားတာကို တွေ့ရပါ တယ်။

အခုတိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့အစည်းကမှ တာဝန်ရှိကြောင်း မကြေညာသေးပါဘူး။

Ref; adiofarda.com

#PeopleMedia #International


Share this post