• Follow Us on

Home ဘာ႐ွန္ခ်ားကၽြန္းသို႔ ဘဂၤါလီမ်ားေ႐ႊ႕ေျပာင္းျခင္းအေပၚ စိုးရိမ္ရန္မ႐ွိေၾကာင္း ဘဂၤလားေဒ့႐ွ္ေျပာ

ဘာ႐ွန္ခ်ားကၽြန္းသို႔ ဘဂၤါလီမ်ားေ႐ႊ႕ေျပာင္းျခင္းအေပၚ စိုးရိမ္ရန္မ႐ွိေၾကာင္း ဘဂၤလားေဒ့႐ွ္ေျပာ

Share this post

ဒါကာ၊ ဒီဇင္ဘာ ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ားကို ဘာ႐ွန္ခ်ားကၽြန္းသို႔ေ႐ႊ႕ေျပာင္းျခင္းအေပၚ စိုးရိမ္ရန္အေၾကာင္းမ႐ွိေၾကာင္း ဘဂၤလားေဒ့႐ွ္ႏိုင္ငံက ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာေအဂ်င္စီ(UNHCR) ကိုေျပာသည္။

ဗုဒၶဟူးေန႔တြင္ UNHCR မဟာမင္းႀကီး ဖိလစ္ပို ဂရန္ဒီႏွင့္ေတြ႕ဆံုရာတြင္ စိတ္ဆႏၵပါေသာေ႐ႊ႕ေျပာင္းျခင္းမ်ားေနာက္ကြယ္မွ အခ်က္အလက္မ်ားအေပၚအျမင္ကို ဂ်ီနီဗာ႐ွိကုလသမဂၢ႐ံုးႏွင့္အျခားႏိုင္ငံတကာအဖြဲ႔အစည္းမ်ားဆိုင္ရာသံအမတ္ႀကီး မူစတာဖီဇာ ရာမန္ကေျပာသည္။

ဘဂၤါလီမ်ားေနရပ္ျပန္ရန္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံဘက္က စိတ္ပါလက္ပါႀကိဳးစားခဲ့ေသာ္လည္း ျမန္မာႏိုင္ငံဘက္က ႏိုင္ငံေရး အရဆႏၵမ႐ွိသျဖင့္ ၿပီးခဲ့သည့္ ၃ ႏွစ္အတြင္း ဘဂၤါလီတေယာက္မွေနရပ္ျပန္ႏိုင္ခဲ့ျခင္းမ႐ွိေၾကာင္းလည္း သံအမတ္ႀကီး မူစတာဖီကေျပာသည္။

ဘာ႐ွန္ခ်ားသို႔ ဘဂၤါလီမ်ားစိတ္ဆႏၵအေလ်ာက္ေျပာင္းေ႐ႊ႕ျခင္းျဖစ္ၿပီး ၀န္ႀကီးခ်ဳပ္႐ွိတ္ ဟာဆီနာ၏ၫႊန္ၾကားခ်က္အရ ဘဂၤလားေဒ့႐ွ္အစိုးရက လူသားခ်င္းစာနာေထာက္ထားမႈအေပၚအေျခခံၿပီး ခိုလႈံခြင့္ေပးထားျခင္းျဖစ္သည္ဟုလည္းေျပာသည္။

ေကာ့က္စ္ဘဇား႐ွိဒုကၡသည္စခန္းမ်ားတြင္ လူအလြန္အမင္းႁပြတ္သိပ္ေနၿပီး ေျမၿပိဳမႈကဲ့သို႔ေသာအႏၲရာယ္မ်ားကိုေ႐ွာင္ႏိုင္ရန္ႏွင့္ မလိုလားအပ္ေသာျဖစ္ရပ္ကိုေ႐ွာင္ႏိုင္ရန္ ဘဂၤလားေဒ့႐ွ္အစိုးရက လူ ၁၁ သိန္းအနက္ ၁ သိန္းကို ေျပာင္းေ႐ႊ႕ရန္ ဆံုးျဖတ္ခဲ့ သည္။

အဆင့္လိုက္ေျပာင္းေ႐ႊ႕မႈမ်ားအရ ဒီဇင္ဘာ ၄ ရက္ ပထမအဆင့္ေ႐ႊ႕ေျပာင္းမႈတြင္ စိတ္ဆႏၵ႐ွိေသာဘဂၤါလီ ၁၆၀၀ ေက်ာ္ကို ပါ၀င္ခဲ့သည္။ ေ႐ႊ႕ေျပာင္းမႈေၾကာင့္ ဘဂၤါလီမ်ားျမန္မာႏိုင္ငံသို႔ေနရပ္ျပန္ေရးႀကိဳးစားမႈမ်ား အားေလ်ာ့သြားမည္မဟုတ္ေၾကာင္း ဘဂၤလားေဒ့႐ွ္အစိုးရဘက္ကေျပာထားသည္။

Ref : Dhaka to UNHCR: Don’t worry about Rohingya relocation to Bhashan Char

#PeopleMedia

(unicode)
ဘာရှန်ချားကျွန်းသို့ ဘင်္ဂါလီများရွှေ့ပြောင်းခြင်းအပေါ် စိုးရိမ်ရန်မရှိကြောင်း ဘင်္ဂလားဒေ့ရှ်ပြော
………………………………..

ဒါကာ၊ ဒီဇင်ဘာ ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များကို ဘာရှန်ချားကျွန်းသို့ရွှေ့ပြောင်းခြင်းအပေါ် စိုးရိမ်ရန်အကြောင်းမရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ(UNHCR) ကိုပြောသည်။

ဗုဒ္ဓဟူးနေ့တွင် UNHCR မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီနှင့်တွေ့ဆုံရာတွင် စိတ်ဆန္ဒပါသောရွှေ့ပြောင်းခြင်းများနောက်ကွယ်မှ အချက်အလက်များအပေါ်အမြင်ကို ဂျီနီဗာရှိကုလသမဂ္ဂရုံးနှင့်အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာသံအမတ်ကြီး မူစတာဖီဇာ ရာမန်ကပြောသည်။

ဘင်္ဂါလီများနေရပ်ပြန်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က စိတ်ပါလက်ပါကြိုးစားခဲ့သော်လည်း မြန်မာနိုင်ငံဘက်က နိုင်ငံရေး အရဆန္ဒမရှိသဖြင့် ပြီးခဲ့သည့် ၃ နှစ်အတွင်း ဘင်္ဂါလီတယောက်မှနေရပ်ပြန်နိုင်ခဲ့ခြင်းမရှိကြောင်းလည်း သံအမတ်ကြီး မူစတာဖီကပြောသည်။

ဘာရှန်ချားသို့ ဘင်္ဂါလီများစိတ်ဆန္ဒအလျောက်ပြောင်းရွှေ့ခြင်းဖြစ်ပြီး ဝန်ကြီးချုပ်ရှိတ် ဟာဆီနာ၏ညွှန်ကြားချက်အရ ဘင်္ဂလားဒေ့ရှ်အစိုးရက လူသားချင်းစာနာထောက်ထားမှုအပေါ်အခြေခံပြီး ခိုလှုံခွင့်ပေးထားခြင်းဖြစ်သည်ဟုလည်းပြောသည်။

ကော့က်စ်ဘဇားရှိဒုက္ခသည်စခန်းများတွင် လူအလွန်အမင်းပြွတ်သိပ်နေပြီး မြေပြိုမှုကဲ့သို့သောအန္တရာယ်များကိုရှောင်နိုင်ရန်နှင့် မလိုလားအပ်သောဖြစ်ရပ်ကိုရှောင်နိုင်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရက လူ ၁၁ သိန်းအနက် ၁ သိန်းကို ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ သည်။

အဆင့်လိုက်ပြောင်းရွှေ့မှုများအရ ဒီဇင်ဘာ ၄ ရက် ပထမအဆင့်ရွှေ့ပြောင်းမှုတွင် စိတ်ဆန္ဒရှိသောဘင်္ဂါလီ ၁၆၀၀ ကျော်ကို ပါဝင်ခဲ့သည်။ ရွှေ့ပြောင်းမှုကြောင့် ဘင်္ဂါလီများမြန်မာနိုင်ငံသို့နေရပ်ပြန်ရေးကြိုးစားမှုများ အားလျော့သွားမည်မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကပြောထားသည်။

Ref : Dhaka to UNHCR: Don’t worry about Rohingya relocation to Bhashan Char

#PeopleMedia


Share this post