• Follow Us on

Home ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ တာဝန္ထမ္းေဆာင္ရန္ လက္ရွိ လူမႈကြန္ယက္၌ နာမည္ႀကီးေနသူမ်ား ပါဝင္ထမ္းေဆာင္ခြင့္ရရွိရန္ မေသခ်ာေၾကာင္း NLD ပါတီ CEC အဖြဲ႕ဝင္ ေဒါက္တာမ်ဳိးညႊန္႔ေျပာဆုိ

ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ တာဝန္ထမ္းေဆာင္ရန္ လက္ရွိ လူမႈကြန္ယက္၌ နာမည္ႀကီးေနသူမ်ား ပါဝင္ထမ္းေဆာင္ခြင့္ရရွိရန္ မေသခ်ာေၾကာင္း NLD ပါတီ CEC အဖြဲ႕ဝင္ ေဒါက္တာမ်ဳိးညႊန္႔ေျပာဆုိ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

လာမည့္ အစုိးရသစ္၌ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ တာဝန္ထမ္းေဆာင္မည့္သူသည္ လက္ရွိလူမႈကြန္ယက္၌ နာမည္ ႀကီးေနသူမ်ား ပါဝင္ထမ္းေဆာင္ခြင့္ရရွိရန္ မေသခ်ာေၾကာင္း NLD ပါတီ CEC အဖြဲ႕ဝင္ ေဒါက္တာမ်ဳိးညႊန္႔က People Media ကုိ ေျပာသည္။

လက္ရွိအခ်ိန္၌ ရန္ကုန္တုိင္းဝန္ႀကီးခ်ဳပ္သစ္ ျဖစ္လာမည့္သူသည္ ဦးရဲမင္းဦးႏွင့္ ဦးၿပံဳးခ်ဳိ ျဖစ္ႏုိင္ရန္ အလားအလာရွိေၾကာင္း ႏုိင္ငံေရးပါတီေခါင္းေဆာင္သူအခ်ဳိ႕က ခန္႔မွန္းေျပာဆုိမႈမ်ား ရွိေနၾကသည္။

ထုိကဲ့သုိ႔ ခန္႔မွန္းေျပာဆုိေနမႈမ်ားအေပၚ People Media က NLD ပါတီ CEC အဖြဲ႕ဝင္ ေဒါက္တာမ်ဳိးညႊန္႔ကုိ ဆက္သြယ္ ေမးျမန္းရာ၌ “ခန႔္မွန္းခ်က္ကေတာ့ ခန႔္မွန္းခ်က္ပါဘဲ၊ လက္ေတြ႕ေၾကညာေတာ့မွာဘဲ သိမွာေပါ့၊ အြန္လိုင္းေတြမွာ ေျပာ ေနတာေတြက ေသခ်ာမႈ မရွိနိုင္ပါဘူး”ဟု ေဒါက္တာမ်ိဳးၫြန႔္က ဆိုသည္။

အလားတူ NLD ပါတီအေနျဖင့္ လာမည့္ အစုိးရသစ္ကုိ ခန္႔အပ္ရန္ NLD ပါတီ ထိပ္ပုိင္းအစည္းအေဝးျပဳလုပ္ရန္ စဥ္းစား ထားမႈမ်ားရွိေနေသာ္လည္း လက္ရွိအခ်ိန္ထိ အစည္းအေဝးက်င္းပမည့္ေန႔ရက္ကုိ မဆုံးျဖတ္ရေသးေၾကာင္း ေဒါက္တာ မ်ဳိးညႊန္႔က ေျပာသည္။

#PeopleMedia #ရန္ကုန္တုိင္းေဒသႀကီးအစုိးရအဖြဲ႕ #NLD #ေဒါက္တာမ်ဳိးညႊန္႔

(unicode)
ရန်ကုန်တိုင်းဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ရန် လက်ရှိ လူမှုကွန်ယက်၌ နာမည်ကြီးနေသူများ ပါဝင်ထမ်းဆောင်ခွင့်ရရှိရန် မသေချာကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်ပြောဆို
…………………………………………………….

ရန်ကုန်၊ ဒီဇင်ဘာ – ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

လာမည့် အစိုးရသစ်၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်မည့်သူသည် လက်ရှိလူမှုကွန်ယက်၌ နာမည် ကြီးနေသူများ ပါဝင်ထမ်းဆောင်ခွင့်ရရှိရန် မသေချာကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်က People Media ကို ပြောသည်။

လက်ရှိအချိန်၌ ရန်ကုန်တိုင်းဝန်ကြီးချုပ်သစ် ဖြစ်လာမည့်သူသည် ဦးရဲမင်းဦးနှင့် ဦးပြုံးချို ဖြစ်နိုင်ရန် အလားအလာရှိကြောင်း နိုင်ငံရေးပါတီခေါင်းဆောင်သူအချို့က ခန့်မှန်းပြောဆိုမှုများ ရှိနေကြသည်။

ထိုကဲ့သို့ ခန့်မှန်းပြောဆိုနေမှုများအပေါ် People Media က NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်ကို ဆက်သွယ် မေးမြန်းရာ၌ “ခန့်မှန်းချက်ကတော့ ခန့်မှန်းချက်ပါဘဲ၊ လက်တွေ့ကြေညာတော့မှာဘဲ သိမှာပေါ့၊ အွန်လိုင်းတွေမှာ ပြော နေတာတွေက သေချာမှု မရှိနိုင်ပါဘူး”ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

အလားတူ NLD ပါတီအနေဖြင့် လာမည့် အစိုးရသစ်ကို ခန့်အပ်ရန် NLD ပါတီ ထိပ်ပိုင်းအစည်းအဝေးပြုလုပ်ရန် စဉ်းစား ထားမှုများရှိနေသော်လည်း လက်ရှိအချိန်ထိ အစည်းအဝေးကျင်းပမည့်နေ့ရက်ကို မဆုံးဖြတ်ရသေးကြောင်း ဒေါက်တာ မျိုးညွှန့်က ပြောသည်။

#PeopleMedia #ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ #NLD #ဒေါက်တာမျိုးညွှန့်


Share this post