• Follow Us on

Home မင္နီယာပိုလစ္ၿမိဳ႕မွ လူမည္းအမ်ိဳးသားလည္ပင္းကို ရဲက ဒူးျဖင့္ဖိထားသျဖင့္ေသဆံုးမႈမတိုင္ခင္ နယူးေ ယာက္ၿမိဳ႕တြင္လည္း အလားတူျဖစ္ရပ္ျဖစ္ပြား

မင္နီယာပိုလစ္ၿမိဳ႕မွ လူမည္းအမ်ိဳးသားလည္ပင္းကို ရဲက ဒူးျဖင့္ဖိထားသျဖင့္ေသဆံုးမႈမတိုင္ခင္ နယူးေ ယာက္ၿမိဳ႕တြင္လည္း အလားတူျဖစ္ရပ္ျဖစ္ပြား

Share this post

နယူးေယာက္၊ စက္တင္ဘာ ၃

လက္နက္မဲ့လူမည္းအမ်ိဳးသားတစ္ေယာက္ကို ရဲမ်ားက ေခါင္းစြပ္စြပ္ၿပီး မ်က္ႏွာကိုလမ္းမႏွင့္ကပ္ထားသျဖင့္ နယူးေယာက္ျပည္နယ္တြင္ေသဆံုးခဲ့ေၾကာင္း ရဲမ်ား၏ခႏၶာကိုယ္တြင္တပ္ဆင္ထားသည့္ကင္မရာမ်ားအရ သိရသည္။

အသက္ ၄၁ ႏွစ္႐ွိဒန္နီရယ္ ပ႐ုဒ္ သည္ မတ္လတြင္ ထိုျဖစ္ရပ္မျဖစ္ပြားခင္က စိတ္က်န္းမာေရးျပႆနာမ်ား ႐ွိေနသည္။

ထိုျဖစ္ရပ္ျဖစ္ပြားၿပီးတစ္ပတ္အၾကာတြင္ ေသဆံုးခဲ့ေသာ္လည္း ယခုတစ္ပတ္တြင္ သူ႔မိသားစုမ်ားက သတင္းစာ႐ွင္းလင္းပြဲျပဳလုပ္ၿပီးေနာက္မွ လူအမ်ားသိလာျခင္းျဖစ္သည္။

ကမာၻတ၀န္းလံုးတြင္ အသားအေရာင္ခြဲျခားမႈဆန္႔က်င္ေရးႏွင့္လူမ်ိဳးေရးမညီမွ်မႈမ်ားကိုဆန္႔က်င္ေၾကာင္း ထုတ္ေျပာခဲ့သည့္ မင္နီယာပိုလစ္ၿမိဳ႕မွေဂ်ာ့ ဖလြိဳက္ေသဆံုးမႈမတိုင္ခင္ ၂ လအလိုတြင္ ေသဆံုးမႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ခ်ီကာဂိုၿမိဳ႕မွကုန္ေလွာင္႐ံုလုပ္သားျဖစ္ၿပီး ကေလး ၅ ေယာက္ဖခင္ျဖစ္သူသည္ ထိုျဖစ္ရပ္ျဖစ္ပြားခ်ိန္တြင္ နယူးေယာက္မွအစ္ကိုျဖစ္သူထံလည္ပတ္ခဲ့ျခင္းျဖစ္သည္။

သူ႔ညီျဖစ္၏စိတ္က်န္းမာေရးအေျခအေနအတြက္ အကူအညီရရန္ ရဲမ်ားကို ဖုန္းေခၚအကူအညီေတာင္းခဲ့ ျခင္းျဖစ္ၿပီး အသတ္ခံရရန္ အကူအညီေတာင္းခံခဲ့ျခင္းမဟုတ္ဟု သူ႔အစ္ကိုျဖစ္သူက ဗုဒၶဟူးေန႔တြင္ျပဳလုပ္သည့္သတင္းစာ႐ွင္းလင္းပြဲတြင္ေျပာသည္။

Ref : Daniel Prude: NY black man died after police pinned him down

#PeopleMedia

(unicode)
မင်နီယာပိုလစ်မြို့မှ လူမည်းအမျိုးသားလည်ပင်းကို ရဲက ဒူးဖြင့်ဖိထားသဖြင့်သေဆုံးမှုမတိုင်ခင် နယူး ေယာက်မြို့တွင်လည်း အလားတူဖြစ်ရပ်ဖြစ်ပွား
……………………………………………

နယူးယောက်၊ စက်တင်ဘာ ၃

လက်နက်မဲ့လူမည်းအမျိုးသားတစ်ယောက်ကို ရဲများက ခေါင်းစွပ်စွပ်ပြီး မျက်နှာကိုလမ်းမနှင့်ကပ်ထားသဖြင့် နယူးယောက်ပြည်နယ်တွင်သေဆုံးခဲ့ကြောင်း ရဲများ၏ခန္ဓာကိုယ်တွင်တပ်ဆင်ထားသည့်ကင်မရာများအရ သိရသည်။

အသက် ၄၁ နှစ်ရှိဒန်နီရယ် ပရုဒ် သည် မတ်လတွင် ထိုဖြစ်ရပ်မဖြစ်ပွားခင်က စိတ်ကျန်းမာရေးပြဿနာများ ရှိနေသည်။

ထိုဖြစ်ရပ်ဖြစ်ပွားပြီးတစ်ပတ်အကြာတွင် သေဆုံးခဲ့သော်လည်း ယခုတစ်ပတ်တွင် သူ့မိသားစုများက သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးနောက်မှ လူအများသိလာခြင်းဖြစ်သည်။

ကမ္ဘာတဝန်းလုံးတွင် အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေးနှင့်လူမျိုးရေးမညီမျှမှုများကိုဆန့်ကျင်ကြောင်း ထုတ်ပြောခဲ့သည့် မင်နီယာပိုလစ်မြို့မှဂျော့ ဖလွိုက်သေဆုံးမှုမတိုင်ခင် ၂ လအလိုတွင် သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ချီကာဂိုမြို့မှကုန်လှောင်ရုံလုပ်သားဖြစ်ပြီး ကလေး ၅ ယောက်ဖခင်ဖြစ်သူသည် ထိုဖြစ်ရပ်ဖြစ်ပွားချိန်တွင် နယူးယောက်မှအစ်ကိုဖြစ်သူထံလည်ပတ်ခဲ့ခြင်းဖြစ်သည်။

သူ့ညီဖြစ်၏စိတ်ကျန်းမာရေးအခြေအနေအတွက် အကူအညီရရန် ရဲများကို ဖုန်းခေါ်အကူအညီတောင်းခဲ့ ခြင်းဖြစ်ပြီး အသတ်ခံရရန် အကူအညီတောင်းခံခဲ့ခြင်းမဟုတ်ဟု သူ့အစ်ကိုဖြစ်သူက ဗုဒ္ဓဟူးနေ့တွင်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

Ref : Daniel Prude: NY black man died after police pinned him down

#PeopleMedia


Share this post