• Follow Us on

Home မင်းကွန်းရွှေစင်တိပိဋကဓရဆရာတော်ကြီး ဦးဆောင်ညွှန်ကြားမှုဖြင့် တစ်ပတ်လျှင် မျက်စိစမ်းသပ်၊ စစ်ဆေး၊ ကုသလူနာ (၁၅၀) ကို အခမဲ့ကုသပေးနေ

မင်းကွန်းရွှေစင်တိပိဋကဓရဆရာတော်ကြီး ဦးဆောင်ညွှန်ကြားမှုဖြင့် တစ်ပတ်လျှင် မျက်စိစမ်းသပ်၊ စစ်ဆေး၊ ကုသလူနာ (၁၅၀) ကို အခမဲ့ကုသပေးနေ

Share this post

မကွေး၊ ဒီဇင်ဘာ ၁၃ (People Media)

 

မင်းကွန်းရွှေစင်တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တဂန္ဓမာလာလင်္ကာရ အရှင်မြတ်၏ ဦးဆောင်ညွှန်ကြားမှုဖြင့် မျက်စိ ဝေဒနာရှင်များကို အာယုပါကုသိုလ်ဖြစ်ဆေးရုံ၌ တစ်ပတ်လျှင် မျက်စိစမ်းသပ်၊ စစ်ဆေး၊ ကုသလူနာမှ (၁၅၀) ခန့်ကို အခမဲ့ကုသပေးနေလျက်ရှိကြောင်း ဆရာတော်ကြီး၏ အကျိုးဆောင်အဖွဲ့ထံမှ သိရသည်။

 

“မြင်းခြံမှာက မျက်စိလူနာတွေက များနေတယ်။ ဆရာဝန်အခတ်အခဲရှိတယ်။ ပြခြင်တာတောင်ပြလို့ မ လွယ်ဘူး။ ဆရာတော်ကို လျှောက်တော့ ဆရာတော်က သူနဲ့နီးစပ်တဲ့သူတွေကို အကူအညီတောင်းတော့။ ပြီးခဲ့တဲ့တစ်ပတ်က ဆရာဝန်နှစ်ယောက် လာကြည့်တယ်။ လူနာ (၁၅၀) အခမဲ့ ကြည့်ပေးနိုင်တယ်။ ဆေးဖိုး တွေကို ဆရာတော်ဘုရားပဲ လှူတယ်” ဟု မင်းကွန်းရွှေစင်တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တဂန္ဓမာလာလင်္ကာရ၏ အကျိုးဆောင်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

 

အဆိုပါ လူနာ (၁၅၀) ထဲမှ ခွဲစိတ်ရမည့်လူနာ (၄၀) ဦးရှိပြီး၊ ယင်းခွဲစိတ်ရမည့်လူနာများကို လာမည့်အပတ် အတွင်း ပြန်စစ်ဆေးကာ ဒီဇင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင် ခွဲစိတ်ပေးသွားမည်ဖြစ်ကြောင်း သိ ရသည်။

 

ယခင် ဆရာတော်ကြီး၏ မွေးနေ့ တပေါင်းလတွင် မျက်စိလူနာ (၃၀၀၀)ခန့်အား စစ်ဆေးကုသပေးခဲ့သလို အဆိုပါ လူနာများထဲမှ ခွဲစိတ်လူနာ (၄၀၀) ကျော်ကိုလည်း ခွဲစိတ်ပေးခဲ့ကြောင်း သိရသည်။

 

မင်းကွန်းရွှေစင်တိပိဋကဓရ ဆရာတော်ကြီးသည် မျက်စိလူနာများကို ကုသေပေးနေရုံသာမက ကျောက်ကြပ် ဆေးပေးခြင်း၊ ဆီးချို၊ သွေးတိုး၊ ဖျားနာ လူနာများကို ကုသပေးခြင်းနှင့် အောက်စီဂျင်စက်ရုံတည်ဆောက်ပြီး အောက်စီဂျင်လိုအပ်နေသည့် လူနာများကို အခမဲ့ ပေးဝေနေလျက်ရှိကြောင်း သိရသည်။

 

#PeopleMedia #မင်းကွန်းရွှေစင်တိပိဋကဓရဆရာတော်ကြီး

 

(unicode)


………………………………………………………………

 


 


 


 


 


 


 



Share this post