• Follow Us on
Latest News

Home နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်တော့မယ့် ဆွီဒင်ကို စစ်ဘက်ဆိုင်ရာနည်းပညာတွေနဲ့ တုံ့ပြန်မယ်လို့ ရုရှားသတိပေး

နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်တော့မယ့် ဆွီဒင်ကို စစ်ဘက်ဆိုင်ရာနည်းပညာတွေနဲ့ တုံ့ပြန်မယ်လို့ ရုရှားသတိပေး

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၉

 

ဆွီဒင်နိုင်ငံကို နေတိုးအဖွဲ့ဝင်အဖြစ်လက်ခံမယ့်ကိစ္စနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံက “စစ်ဘက်ဆိုင်ရာနည်းပညာ တုံ့ပြန်မှုတွေ” ကို အဆင့်လိုက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီလ ၂၈ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ဆွီဒင်နိုင်ငံ နေတိုးအဖွဲ့ဝင်ခွင့်ရဖို့အတွက် ကြိုးပမ်းမှုကို ဟန်ဂေရီလွှတ်တော်က တနင်္လာနေ့က ထောက်ခံမဲပေး အတည်ပြုလိုက်တဲ့အချိန်အမှာ ဆွီဒင်နိုင်ငံအတွက် နောက်ဆုံးအတားအဆီးကို ဖယ်ရှားရှင်းလင်းလိုက်နိုင်ပြီဖြစ် ပါတယ်။

 

နေတိုးအဖွဲ့ကို ဝင်ရောက်ဖို့အတွက် နိုင်ငံတစ်နိုင်ငံဟာ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ထောက်ခံမှုကို ရရှိဖို့လိုအပ်ပြီး ဟန်ဂေရီနိုင်ငံက ဆွီဒင်ရဲ့လျှောက်ထားမှုကို အချိန်ဆွဲထားပြီး အခုတနင်္လာနေ့ကမှ အတည်ပြုထောက်ခံလိုက် တာဖြစ်ပါတယ်။

 

နေတိုးအဖွဲ့ချဲ့ထွင်တာကို ဆန့်ကျင်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က တဲ့တိုးပြောဆိုလျက်ရှိပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ယူကရိန်းကိုတိုက်ခိုက်ခဲ့တဲ့အကြောင်းရင်းတွေထဲမှာ နေတိုးအဖွဲ့ထဲကိုဝင်ရောက်ဖို့ ကြိုး စားနေတဲ့အကြောင်းရင်းလည်း ပါဝင်ကြောင်း ၎င်းက ပြောပါတယ်။

 

ဒါပေမဲ့ ရုရှားက ယူကရိန်းကို တိုက်ခိုက်ခဲ့တဲ့အတွက် ဖင်လန်နဲ့ ဆွီဒင်နိုင်ငံတို့ဟာ ၂၀၂၂ ခုနှစ် မေလမှာ နေတိုး အဖွဲ့ကို ဝင်ရောက်ဖို့ တပြိုင်တည်းကြိုးစားခဲ့ကြတာဖြစ်ပါတယ်။ ဖင်လန်နိုင်ငံကတော့ ၂၀၂၃ ခုနှစ် ဧပြီလမှာ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သွားပြီဖြစ်ပါတယ်။

 

ဆွီဒင်နိုင်ငံရဲ့ နေတိုးဝင်ရောက်ခွင့်ရရှိမှုကို သမ္မတပူတင်က အခုအချိန်အထိ တရားဝင်ဝေဖန်ပြောကြားခြင်းမရှိ သေးပေမဲ့ ဟန်ဂေရီနိုင်ငံရဲ့ထောက်ခံမှုနဲ့ ပတ်သြက်ပီး Newsweek ရဲ့ မေးမြန်းချက်ကို ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထ ရီပက်စ်ကော့ဗ်ကတော့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

 

“ကျွန်တော်တို့ အကြိမ်ကြိမ်ပြောကြားထားတဲ့အတိုင်းပဲ နေတိုးအဖွဲ့ပိုမိုကြီးမားလာအောင် ချဲ့ထွင်မှုဟာ ဥရောပ တိုက်ရဲ့ တည်ငြိမ်မှုနဲ့ လုံခြုံရေးအတွက် ဘာမှအထောက်အကူမပြုပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

ဆွီဒင်နိုင်ငံ နေတိုးအဖွဲ့ဝင်တာနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံရဲ့ တုံ့ပြန်မှုကို စတော့ဟုမ်းတုံ့ပြန်မှုတွေက ဆုံးဖြတ် သွားမှာဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာရီယာဇာခါရိုဗာက သတင်းစာရှင်းလင်း ပွဲမှာ ပြောပါတယ်။

 

“ကျွန်မတို့ဘက်ကတော့ အဲဒီရန်လိုနေတဲ့မဟာမိတ်အဖွဲ့ကြီးထဲမှာ ဆွီဒင်နိုင်ငံက ဘာတွေလုပ်သွားမလဲဆိုတာ နဲ့ ဆွီဒင်နိုင်ငံက နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် အမှန်တကယ်ဘာတွေလုပ်ဆောင်သွားမလဲဆိုတာကို အနီးကပ် စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ ပြီးတာနဲ့ ရုရှားအမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတာတွေကို ထိန်းချုပ်နိုင် ဖို့အတွက် ကျွန်မတို့ဘက်က သူတို့ရဲ့ ဆောင်ရွက်မှုနဲ့ညီမျှတဲ့ မူဝါဒဆိုင်ရာတုံ့ပြန်မှုတွေနဲ့ စစ်ဘက် နည်းပညာ ဆိုင်ရာတုံ့ပြန်မှုတွေဆောင်ရွက်သွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ရုရှားအစိုးရရဲ့ တုံ့ပြန်မှုအစီအစဉ်တွေဟာ ဆွီဒင်နိုင်ငံထဲမှာ ဘာတွေဖြစ်လာမလဲ၊ ဆွီဒင်တပ်ဖွဲ့ဝင်တွေကို ဘယ် လိုတပ်ဖြန့်ချထားသလဲ၊ ဘယ်လိုအခမ်းအနားတွေကျင်းပမလဲ၊ ဘယ်လိုမဟာဗျူဟာကို လက်ခံကျင့်သုံးမှာလဲ ဆိုတဲ့အပေါ် မူတည်နေကြောင်း မာရီယာဇာခါရိုဗာက ပြောပါတယ်။

 

“ဆွီဒင်နိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်သွားတာဟာ ဆွီဒင်နိုင်ငံရဲ့ ကြီးမားလှတဲ့ အမျိုးသားအချုပ်အခြာအာဏာဆုံးရှုံး တဲ့ အထိ အကျိုးသက်ရောက်သွားပါလိမ့်မယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Russia Warns of ‘Military-Technical’ Response to Sweden’s NATO Membership: Newsweek

 

#PeopleMedia


Share this post