• Follow Us on

Home မအူပင်ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်အား ကေအိုင်အေလက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သဖြင့် အခင်းဖြစ်နေရာ၌ သေဆုံး

မအူပင်ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်အား ကေအိုင်အေလက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သဖြင့် အခင်းဖြစ်နေရာ၌ သေဆုံး

Share this post

ဖားကန့်၊ ဩဂုတ် ၁၃ (People Media)

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းဂိတ်အနီးတွင် ဩဂုတ်လ ၁၁ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်က မအူပင်ကျေးရွာပြည်သူ့စစ်ခေါင်းဆောင်အား ကေအိုင်အေလက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။

 

မအူပင်ပြည်သူ့စစ်ခေါင်းဆောင်သည် နန့်ယားမှ ကာမိုင်းသို့သွားရောက်ခဲ့ပြီး မအူပင်ကျေးရွာတွင် ခေတ္တနားကာ ညနေ ၅ နာရီအချိန်ခန့်က နန့်ယားသို့ပြန်လာခဲ့ပြီး အပြန်လမ်းတွင် ကေအိုင်အေလက်နက်ကိုင်အဖွဲ့၏ သေနတ် ဖြင့် ပစ်ခတ်ခြင်းကိုခံခဲ့ရပြီး အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း မြန်မာပြည်မြောက်ပိုင်း ပြည်ရှမ်း မျိုးနွယ်စုရေးရာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

“မနေ့က မအူပင်ပြည်သူ့စစ်ခေါင်ဆောင်က နန့်ယားကနေ ကာမိုင်ကိုသွားတယ်။ ‌ညနေ ၃ နာရီလောက်ပေါ့။ မအူပင်ရောက်တော့ သူ့အိမ်မှာ ခဏနားတယ်။ ပြီးတော့ ညနေ ၅ နာရီလောက်မှာ နန့်ယားကိုပြန်တယ်။ ပြန်တဲ့ အချိန်မှာ ကျောက်ထုနဲ့ မအူပင်ကြား မြနန်းသီတာတံတားနားမှာ အပစ်ခံရတာ။ ကေအိုင်အေအဖွဲ့က ပစ်တာ ပါ” ဟု ၎င်းကပြောသည်။

 

မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာယဉ်ကျေးမှုအဖွဲ့အနေနှင့် ကေအိုင်အေ/ကေအိုင်အို လက် နက်ကိုင်အဖွဲ့များ၏ သတ်ဖြတ်မှုများအတွက် သက်ဆိုင်ရာများနှင့် ဆွေနွေးမှုများ ပြုလုပ်သွားမည်ဟု ၎င်းက ဆက်လက်ပြောသည်။

 

“ကေအိုင်အေ/ကေအိုင်အို လက်နက်ကိုင်အဖွဲ့အစည်းအနေနဲ့ အခုလိုပြုလုပ်နေတာနဲ့ပတ်သက်ပြီး မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့အနေနဲ့ ထိရောက်တဲ့ဆွေးနွေးမှုတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆောင်ရွက်နေတယ်” ဟု တာဝန်ရှိသူကပြောသည်။

 

လက်ရှိအချိန်တွင် မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ဝင်တွေအနေနှင့် သွားလာမှုအပိုင်းတွင် တစ်ဦးတစ်ယောက်ထဲသွားလာဖို့ ခက်ခဲနေကြောင်း ၎င်းကထည့်သွင်းပြောသည်။

 

ကေအိုင်အေ/ကေအိုင်အို လက်နက်ကိုင်အဖွဲ့အနေဖြင့် ယခုနှစ်ပိုင်းအတွင်း ပြည်သူ့စစ်ခေါင်းဆောင်များအား ဖမ်းဆီးပစ်သတ်ခဲ့သည်မှာ ယခုသေဆုံးသူအပါအဝင် လေးဦးမြောက်ရှိပြီဖြစ်ကြောင်း သိရသည်။

 

#PeopleMedia #EPN #ကချင်ပြည်နယ် #ကေအိုင်အေ

 

(unicode)


……………………………………………………….

 


 


 


 


 


 


 


 


 



Share this post