• Follow Us on

Home ထိုင်းရဲတပ်ဖွဲ့ကိုကူညီရန် ထိုင်းတပ်မတော်အသင့်ရှိ

ထိုင်းရဲတပ်ဖွဲ့ကိုကူညီရန် ထိုင်းတပ်မတော်အသင့်ရှိ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၃ (People Media)

 

ထိုင်းရဲတပ်ဖွဲ့က ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များဖြင့် နှိမ်နှင်းနေသော်လည်း အခြေအနေ ထိန်းသိမ်း၍ မရလောက်အောင်ဆိုးရွားလာပါက ထိုင်းတပ်မတော်၏အကူအညီကို ရယူသွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။

 

ထိုင်းရဲတပ်ဖွဲ့မှာ ဆန္ဒပြမှုများကိုစောင့်ကြည့်နေပြီး ဆန္ဒပြသူများက တားမြစ်နယ်မြေများသို့ ချိုးဖောက်ဝင် ရောက်ခြင်းမပြုမချင်း ၎င်းတို့နှင့် ထိပ်တိုက်မတွေ့အောင်ရှောင်ကြဉ်သွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့အကြီး အကဲ ရဲဒုတိယဗိုလ်ချုပ်ကြီး ပကာပေါင် ပေါင်ပီထရာက ဗုဒ္ဓဟူးနေ့ကပြောသည်။

 

“အကြမ်းဖက်မှုတွေ အရှိန်မြင့်တက်လာပြီး အခြေအနေတွေက ထိန်းမနိုင်သိမ်းမရဖြစ်လာပြီဆိုရင်တော့ အ ကြမ်းဖက်မှုတွေကိုရင်ဆိုင်နေရတဲ့ရဲတပ်ဖွဲ့ကို အားဖြည့်ပေးဖို့အတွက် ထိုင်းတပ်မတော်ကို အကူအညီတောင်း ပြီး ငြိမ်းချမ်းရေးထိန်းသိမ်းမှုစစ်ဆင်ရေးအစီအမံကို ပြန်လည်ညှိနှိုင်းရပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

 

ဆန္ဒပြပွဲများတွင် ငြိမ်ဝပ်ပိပြားမှုကိုထိန်းသိမ်းနိုင်ရန် ရဲတပ်ဖွဲ့၏အကူအညီတောင်းခံမှုနှင့်ပတ်သက်၍ ထိုင်းတပ်မ တော်အကြီးအကဲ ဗိုလ်ချုပ်ကြီး ချာလန်ပို ဆရီဆဝပ်ဒီ ဦးဆောင်၍ တပ်တော်အကြီးအကဲများဆွေးနွေးတိုင်ပင် နေကြကြောင်းသိရသည်။

 

ဆန္ဒပြလူအုပ်ကြီးသည် ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ၏အိမ်သို့ချီတက်ရန် ကြိုးစားစဉ် ၎င်းတို့အားပိတ်ဆို့ထား သည့်ရဲတပ်ဖွဲ့ဝင်များကို မှုတ်ဆေးများဖြင့် ဖြန်းပက်ခဲ့ကြသလို ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများကို မျက်ရည်ယို ဗုံးများ၊ ရာဘာကျည်များဖြင့် တုံ့ပြန်ပစ်ခတ်ခဲ့ကြသည်။

 

အင်္ဂါနေ့ကဆန္ဒပြပွဲတွင် အမျိုးသား ၄၅ ဦး၊ အမျိုးသမီး ၃ ဦး မသင်္ကကာဖွယ်ရာဆန္ဒပြသူ စုစုပေါင်း ၄၈ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒချိုးဖောက်ခဲ့တဲ့ ကားနဲ့ မော်တော်ဆိုင်ကယ် ၁၂၂ စီးကို ရှာဖွေစစ်ဆေးရန်သိမ်း ဆည်းခဲ့ကြောင်း ရဲဒုတိယဗိုလ်ချုပ်ကြီး ပကာပေါင်ကပြောသည်။

 

ဆန္ဒပြသူများနှင့်ထိပ်တိုက်တွေ့ဆုံစဉ် ရဲတပ်ဖွဲ့ဝင် ၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ၈ ဦးမှာ ပင်ပေါင်ဗုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ကျန် ၁ ဦးမှာ ခြေထောက်ကိုလက်နက်ငယ်ကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြော သည်။

 

ဆန္ဒပြလူအုပ်ကြီးမှာ ၎င်းတို့ကိုပိတ်ဆို့ထားသော ရဲတပ်ဖွဲ့ဝင်များကို သြဂုတ်လ ၁၂ ရက်နေ့ ညနေ ၅ နာရီတွင် ပင်ပေါင်ဗုံးများ၊ ဗြောက်အိုးများဖြင့် ပစ်ပေါက်ခြင်းဖြင့် ဥပဒေစတင်ချိုးဖောက်ခဲ့ကြောင်း၊ ည ၇ နာရီတွင် အောင် ပွဲအထိမ်းအမှတ်ကျောက်တိုင်နားရှိ ရဲစခန်းငယ်တစ်ခုကို ဆန္ဒပြသူများက မီးတင်ရှို့လိုက်ပြီးနောက် အကြမ်း ဖက်မှုများပိုမိုအရှိန်မြင့်လာကြောင်း သိရသည်။

 

Ref: Army ‘on call’ to back police

 

#PeopleMedia #ထိုင်းတပ်မတော်

 

(unicode)


………………………………………

 


 


 


 


 


 


 


 


 


 

Ref: Army ‘on call’ to back police

 



Share this post