• Follow Us on

Home မိတ္ထီလာမြို့နယ်၌ တစ်သောင်းတန် ငွေစက္ကူအတု ၃ သိန်း တွေ့ရှိမှုဖြင့် ကျောင်းထိုင်ဘုန်းကြီးအပါအဝင် ဒုလ္လဘရဟန်းတစ်ပါးနှင့် လူတစ်ဦး ဖမ်းဆီးခံရ

မိတ္ထီလာမြို့နယ်၌ တစ်သောင်းတန် ငွေစက္ကူအတု ၃ သိန်း တွေ့ရှိမှုဖြင့် ကျောင်းထိုင်ဘုန်းကြီးအပါအဝင် ဒုလ္လဘရဟန်းတစ်ပါးနှင့် လူတစ်ဦး ဖမ်းဆီးခံရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၅ (People Media)

 

မိတ္ထီလာမြို့နယ်၊ ပျဉ်သာကျေးရွာ၊ ခမ်းသာဘုန်းကြီးကျောင်း၌ တစ်သောင်းတန် ငွေစက္ကူအတု ၃ သိန်းကျော် တွေ့ရှိမှုကြောင့် ကျောင်းထိုင်ဘုန်းကြီးအပါအဝင် ဒုလ္လဘရဟန်းတစ်ပါးနှင့် လူတစ်ဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံက သိရပါတယ်။

 

အဆိုပါဖြစ်စဉ်အပေါ် People media က သက်ဆိုင်ရာရဲစခန်း၏ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းရာ “ဒီမနက်ခင်းမှာ မိတာ ဟုတ်ပါတယ်။ ဘုန်းကြီး ၂ ပါးကတော့ သိက္ခာချပြီးတော့မှ ဖမ်းတာ။ လူက ၁ ယောက် မိတယ်” လို့ ပြောပါတယ်။

 

အဆိုပါဖြစ်စဉ်အပေါ် ဆက်လက်ဆောင်ရွက်နေပြီး တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်နေတယ်လို့ အထက်ပါ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

#PeopleMedia #မိတ္ထီလာမြို့နယ် #ငွေစက္ကူအတု

 

(unicode)


……………………………………………………………………………

 


 


 


 


 

#PeopleMedia #မိတ်ထီလာမွို့နယျ #ငှစေက်ကူအတု


Share this post