• Follow Us on

Home ဧရာဝတီတိုင်းရှိ ဘုန်းကြီးကျောင်းများ၌ လူပုဂ္ဂိုလ်များကို တည်းခိုနေထိုင်ခြင်းမပြုရန် တိုင်းသံဃနာယကအဖွဲ့ ညွှန်ကြား

ဧရာဝတီတိုင်းရှိ ဘုန်းကြီးကျောင်းများ၌ လူပုဂ္ဂိုလ်များကို တည်းခိုနေထိုင်ခြင်းမပြုရန် တိုင်းသံဃနာယကအဖွဲ့ ညွှန်ကြား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၅ (People Media)

 

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဘုန်းကြီးကျောက်တိုက်များ၌ လူပုဂ္ဂိုလ်များကို‌ နေထိုင်ခြင်းမပြုရန် ဧရာဝ တီတိုင်းဒေသကြီး သံဃနာယကအဖွဲ့က ညွှန်ကြားထားသည်။

 

အထက်ပါ အကြောင်းအရာကိစ္စနှင့်ပတ်သက်၍ မေလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သော သာသနာတော်သန့်ရှင်း တည်တံ့ပြန့်ပွားရေး ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးက ဓမ္မဝိနယများနှင့် လည်းကောင်း၊ အခြေခံစည်းမျဉ်း အခန်း(၂) အပိုဒ်(၃)နှင့်လည်းကောင်း ဆန့်ကျင်နေသော သက်ကြီးရွယ်အို သားသမီးကျော ထောက်နောက်ခံမရှိသော ခမည်းတော်၊ မယ်တော်မှ တပါး မာတုဂါမများ အပါအဝင် အမြဲနေထိုင်သူ လူ ပုဂ္ဂိုလ်များကို ရဟန်းတော်များ သီတင်းသုံးရာကျောင်းတိုက်အတွင်းမှ ဖယ်ရှားပေးရန်နှင့် ညအိမ်ညနေ ဧည့်သည်များ တည်ခိုနေထိုင်ခြင်းမပြုရန် တိုင်းမြို့နယ် သံဃနာယကအဖွဲ့ ဆရာတော်များက မိမိတို့ ဂိုဏ်း အလိုက် သက်ဆိုင်ရာ ကျောင်းထိုင်ဆရာတော်များထံ အသိပေးလျှောက်ထားရန် ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့မှ ထုတ်ပြန်လိုက်သည်။

 

ပြီးခဲ့သည့်ရက်ပိုင်းက ပုသိမ်မြို့ရှိ ကျောင်းတိုက်တစ်ခုမှ လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည်။

 

#PeooleMedia #မဟန #ဧရာဝတီတိုင်းဒေသကြီး

 

(unicode)


………………………………………………………………………

 


 


 


 


 



Share this post