• Follow Us on

Home မိုးညှင်းခရိုင်၊ နန့်မွန်းမြို့ အထက်တန်းကျောင်း ဖောက်ထွင်းခံရ

မိုးညှင်းခရိုင်၊ နန့်မွန်းမြို့ အထက်တန်းကျောင်း ဖောက်ထွင်းခံရ

Share this post

နန့်မွန်း၊ စက်တင်ဘာ ၇ (People Media)

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ နန့်မွန်းမြို့ အထက်တန်းကျောင်းတွင် စက်တင်ဘာလ ၁ ရက်နေ့ ၉ နာရီခွဲ အချိန်ခန့်က ဖောက်ထွင်းခံရကာ တန်ဖိုးငွေကျပ်သိန်း(၄၅)ခန့်ရှိ ကွန်ပြူတာများနှင့် အခြားပစ္စည်းများ ပျက်စီး၊ ပျောက်ဆုံးခဲ့သည်။

 

“ကျောင်းအုပ်ကြီးရုံးခန်းကို အမိုးမျက်နှာကျက်ကနေဖောက်ဝင်ပြီး အကုန်မွှေနှောက်သွားတာ။ ကျောင်းကွန်ပျူ တာခန်းမထဲက ပစ္စည်းတွေတော့ ယူလို့ရတာ အကုန်ယူသွားပြီး ကျန်တာအကုန်ဖျက်ဆီးထားခဲ့တာဗျ’’ ဟု ဒေသခံတစ်ဦးကပြောသည်။

 

အဆိုပါ ပျောက်ဆုံးပစ္စည်းများမှာ ဆောင်းဘောက် (အသေး)(၄)လုံး၊ NIBBAN အမျိုးအစား ဆောင်းဘောက် (အလတ်)(၁)လုံး၊ TV အောက်စက်(၃)လုံး၊ YAMAHA အမျိုးအစား ကီးဘုတ် (၁)လုံး၊ ကွန်ပြူတာ UPS (၃)လုံး၊ ပရိုဂျက်တာ(၁)လုံး၊ ကွန်ပြူတာ (SYSTEM)ပုံး (၃)လုံး၊ ကြိုးမဲ့မိုက် (၂)လုံး၊ စားပွဲတင် MIC (၁)လုံး၊ TV (၁)လုံး နှင့် ကျောင်းဝင်းအတွင်းရှိ ရေတွင်း (၂)တွင်းတွင် တပ်ဆင်ထားသော ရေစုတ်မော်တာ(၄)လုံးမှာ ပျောက်ဆုံး နေပြီး ကျောင်းသုံးမိတ္တူကူးစက်အား ဖျက်ဆီးခံထားရကြောင်း နယ်မြေရဲစခန်းမှသိရသည်။

 

နန့်မွန်းမြို့အထက်တန်းကျောင်းရှိ ပစ္စည်းများ ပျောက်ဆုံး/ပျက်စီးဆုံးရှုံးအောင် ပြုလုပ်ခဲ့သူအား လုံးတုံနယ် မြေရဲစခန်းမှ ဥပဒေပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် တရာခံအား စုံစမ်း ဖော်ထုတ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကောင်းထက်(EPN)

 

#PeopleMedia #EPN #ကချင်ပြည်နယ် #နန့်မွန်း #NEWS

(unicode)


………………………………………………………….

 


 


 


 


 


 


 



Share this post