• Follow Us on

Home လွတ်မြောက်သွားသော အကျဉ်းသား ၆ ဦး အစ္စရေးစစ်တပ် ပိုက်စိတ်တိုက်ရှာဖွေ

လွတ်မြောက်သွားသော အကျဉ်းသား ၆ ဦး အစ္စရေးစစ်တပ် ပိုက်စိတ်တိုက်ရှာဖွေ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၇ (People Media)

 

လုံခြုံရေးများတင်းကျပ်ထားသည့်ကြားမှ ပါလက်စတိုင်းအကျဉ်းသားခြောက်ဦးသည် မြေအောက်လိုဏ်ခေါင်း တူးပြီး အစ္စရေးအကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်သွားရာ အစ္စရေးအာဏာပိုင်များက ပိုက်စိတ်တိုက်ရှာ ဖွေနေကြောင်းသိရသည်။

 

အကျဉ်းသားငါးဦးမှာ အစ္စလာမ်မစ်စစ်သွေးကြွအုပ်စုဝင်များဖြစ်ပြီး ကျန်တစ်ဦးမှာ ဖာတာစစ်သွေးကြွအဖွဲ့၏ ခေါင်းဆောင်ဖြစ်ကြောင်း ဝါရှင်တန်ပို့စ်၏ဖော်ပြချက်အရသိရသည်။

 

အကျဉ်းသားများသည် ဂေလ်ဘိုးဝါအကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်သွားကြခြင်းဖြစ်ပြီး အကျဉ်းသား များထွက်ပြေးလွှတ်မြောက်မှုကို ရှက်စရာကောင်းသောလုံခြုံရေးကျိုးပေါက်မှုအဖြစ် ပြောဆိုနေကြသည်။ ဝန် ကြီးချုပ် နာ့ထားလီးဘန်းနက်က ယင်းဖြစ်ရပ်အား “အလွန်အရေးကြီးသည့်ရာဇဝတ်မှု” ဟု ပြောဆိုလိုက်သည်။

 

အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက လမ်းများပိတ်ဆို့ထားလိုက်ပြီး ကြိုတင်ကာကွယ်သည့်အနေဖြင့် အကျဉ်းသား ၄၀၀ ကို နေရာရွှေ့ပြောင်းထားလိုက်ကြောင်းသိရသည်။

 

လွတ်မြောက်သွားသူများထဲမှ အထင်ရှားဆုံးသူမှာ ပါလက်စတိုင်းစစ်သွေးကြွခေါင်းဆောင် ဇာကာရီယာဇးဘီဒီ ဖြစ်ကြောင်း အေပီသတင်းဌာနကပြောသည်။ ဂျီဟတ်ဝါဒီအဖွဲ့ဝင် ငါးဦးအနက် လေးဦးမှာ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံထားရသူများဖြစ်ကြောင်းသိရသည်။

 

Ref: Massive manhunt underway after 6 Palestinians escape Israeli prison

 

#PeopleMedia

 

(unicode)

လှတျမွောကျသှားသော အကဉြျးသား ၆ ဦး အစ်စရေးစဈတပျ ပိုကျစိတျတိုကျရှာဖှေ

…………………………………………………………………

 


 


 


 


 


 


 

Ref: Massive manhunt underway after 6 Palestinians escape Israeli prison

 

#PeopleMedia


Share this post