• Follow Us on

Home မီဒီယာများရူးနေပြီဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တွစ်တာတွင်ရေးသား

မီဒီယာများရူးနေပြီဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တွစ်တာတွင်ရေးသား

Share this post

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံတောင်ပိုင်းနယ်စပ်ခြံရိုးခတ်မယ့်အစီအစဉ်နဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ ဖော်ပြချက်ဟာ သတင်းတုသာဖြစ်လိမ့်မယ်လို့ အောက်တိုဘာ ၂ ရက်နေ့က သူ့ရဲ့ကိုယ်ပိုင် တွစ်တာ စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
“ ကျွန်တော်က နိုင်ငံတောင်ပိုင်းနယ်စပ်မှာ မြွေတွေ၊မိချောင်းတွေအပြည့်နဲ့ ကျုံးတစ်ခုထားရှိပြီး နယ်စပ်ခြံစည်းရိုးကို ထိပ်မှာ အချွန်တပ်ကာ လျှပ်စစ်လွှတ်ထားဖို့ အလိုရှိနေတယ်ဆိုပြီး မီဒီယာတွေက သတင်းရောင်းစားဖို့ ပြင်ဆင်နေပါတယ်။ ကျွန်တော်အနေနဲ့ နယ်စပ်လုံခြုံရေးကို တင်းကြပ်ချင်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးတော့မဟုတ်ပါဘူး။ မီဒီယာတွေက ရူးနေပါပြီ။ သတင်းတုပါ” လို့ ထရမ့်က သူ့ရဲ့ တွစ်တာ စာမျက်နှာပါ ရေးသားခဲ့ပါတယ်။

Ref; Twitter


Share this post