• Follow Us on

Home မီးပျက်၍ ဓါတ်လှေကားအတွင်း ပိတ်မိနေသူ (၁၃) ဦးကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ သွားရောက်ကူညီ

မီးပျက်၍ ဓါတ်လှေကားအတွင်း ပိတ်မိနေသူ (၁၃) ဦးကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ သွားရောက်ကူညီ

Share this post

ရန်ကုန်၊ စက်တင်ဘာ -၇

ဖြစ်စဉ်မှာ စက်တင်ဘာ ၆ ရက်၊ညနေ ၆နာရီခန့် ၌ အလုံမြို့နယ်၊ စောရန်ပိုင်(အရှေ့)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနှင့် သစ်တောလမ်းထောင့်၊ အမှတ်(၇၄-A)၊ Hot Pot City စားသောက်ဆိုင် RC(၃)ထပ်တိုက်၏ မြေညီထပ်မှ အပေါ်ထပ်သို့အတက် (၂)လွှာတွင် မီးပျက်၍ ဓာတ်လှေကားအတွင်း ကျား(၂)ဦး၊ မ(၁၀)ဦး၊ ကလေးငယ်(၁)ဦး၊ စုစုပေါင်း (၁၃)ဦး ပိတ်မိနေခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကို အလုံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၇)ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင်(၄)ဦးတို့ဖြင့် သွားရောက်ကူညီ‌ဆောင်ရွက်ခဲ့သည်။


Share this post