• Follow Us on

Home မုံရွာမြို့နယ်၊ လယ်ဇင်ကျေးရွာအနီးရှိ PDF စခန်း ရှင်းလင်းခံရပြီး တူမီးသေနတ်များနှင့် ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းခံရ

မုံရွာမြို့နယ်၊ လယ်ဇင်ကျေးရွာအနီးရှိ PDF စခန်း ရှင်းလင်းခံရပြီး တူမီးသေနတ်များနှင့် ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းခံရ

Share this post

မုံရွာ၊ ဇွန် ၂၅

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ လယ်ဇင်ကျေးရွာအနီး၌ အခြေပြုလှုပ်ရှားနေသည့် PDF စခန်းသည် ဇွန်လ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က လုံခြုံရေးအဖွဲ့များက ဝင်ရောက်ရှင်းလင်းခဲ့သည်။

 

လုံခြုံရေးအဖွဲ့များက PDF စခန်းကို ဝင်ရောက်ရှင်းလင်းစဉ် PDF အဖွဲ့ဝင်များသည် စခန်းကို စွန့်သွားပြီး ၎င်း တို့ပိုင်လက်နက်များဖြစ်သော တူမီးသေနတ် ၁၄ လက်၊ ဂတ် သေနတ် ၁ လက်၊ လက်လုပ်ကျဉ် ၁၀ တောင့်၊ ယမ်းချောင်း ၃၀၀ ချောင်း၊ သံဘောစေ့ ၄၀၀ ကျော်ခန့်၊ ယမ်းမှုန့်အပါအဝင် ပျောက်ကျား ယူနီဖောင်းများကို ရရှိခဲ့သည်။

 

စစ်ကိုင်းတိုင်းဒေသကြီးသည် PDF အဖွဲ့များ အားကောင်းဆဲ တိုင်းဒေသကြီးဖြစ်ပြီး တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူများသည် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရလျက်ရှိနေသည်။

 

#PeopleMedia #စစ်ကိုင်းတိုင်းဒေသကြီး #မုံရွာမြို့ #လယ်ဇင်ကျေးရွာ

 

(unicode)


…………………………………

 


 


 


 


 



Share this post