• Follow Us on

Home မုံရွာမြို့ရှိ လျှပ်စစ်ရုံးမှ ဝန်ထမ်း ၃ ဦးအား မုံရွာ PDF မှ သတိပေး

မုံရွာမြို့ရှိ လျှပ်စစ်ရုံးမှ ဝန်ထမ်း ၃ ဦးအား မုံရွာ PDF မှ သတိပေး

Share this post

မုံရွာ၊ အောက်တိုဘာ ၂၅ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ လျှပ်စစ်ရုံးမှ ဝန်ထမ်း ၃ ဦးအား မုံရွာ PDF မှ သတိပေးစာထုတ်ပြန်ထား သည်။

 

အဆိုပါ သတိပေးစာတွင် မုံရွာမြို့ လျှပ်စစ်ရုံးမှ ပြည်သူ့သစ္စာဖောက်၊ လူသတ်အားပေး၊ CDM တွင်မပါဝင်ဘဲ မုံရွာမြို့နယ်အတွင်းရှိ ပြည်သူလူထုထံမှ လျှပ်စစ်မီတာခများ ကောက်ယူနိုင်ရန် ရုံးတက်ဆောင်ရွက်နေကြောင်း ဖော်ပြပါရှိသည်။

 

ယင်းဝန်ထမ်း ၃ ဦးဖြစ်သည့် ဦးဇော်မင်းလေး၊ ဦးဇော်ဝင်းနိုင်၊ ဦးခင်မောင်ဌေးတို့သည် အောက်ခြေဝန်ထမ်းများ အား ဖိအားပေးအကြပ်ကိုင်ကာ ပြည်သူအား မီတာကောက် မီးဖြတ်ရန် တွန်းအားပေးခြင်းများ ပြုလုပ်နေ ကြောင်း သိရှိရကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

 

ထို့ကြောင့် ၎င်းတို့ ၃ ဦး၏လုပ်ရပ်သည် ရွံရှာစက်ဆုပ်ဖွယ်လုပ်ရပ်များဖြစ်သည့်အတွက် နောက်ဆုံးအနေဖြင့် သတိပေးလိုက်ကြောင်း ဖော်ပြပါရှိသည်။

 

အလားတူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မီတာမဆောင်သည့် နေအိမ်များသို့ မီးများ လိုက်လံဖြတ်တောက်ပြီးနောက် ရက်ပိုင်းအတွင်း၌ မီတာရုံးများ ဖောက်ခွဲခံရမှုများဖြစ်ပေါ်ခဲ့သည်။

 

photo – YESC

 

#PeopleMedia #မုံရွာ #မီတာရုံး #သတိပေးစာ

 

(unicode)


……………………………………………………………

 


 


 


 


 


 


 

photo – YESC

 



Share this post