• Follow Us on

Home မိမိတို့အိမ်နီးနားချင်းနိုင်ငံ စစ်တပ်အာဏာသိမ်းစဉ်က ASEAN သည် သဘောထားထုတ်ပြန်ခြင်းမရှိဘဲ မြန်မာနိုင်ငံအာဏာထိန်းသိမ်းမှု၌ သဘောထားထုတ်ပြန်ခြင်းသည် ASEAN ဆောင်ရွက်ချက် ယိမ်းယိုင်တိမ်း စောင်းနေကြောင်း စစ်ဥပဒေချုပ်(ငြိမ်း) ဦးစိုးမောင်ပါတီအပါအဝင် နိုင်ငံရေးပါတီ (၉) ပါတီ သဘောထား ထုတ်ပြန်

မိမိတို့အိမ်နီးနားချင်းနိုင်ငံ စစ်တပ်အာဏာသိမ်းစဉ်က ASEAN သည် သဘောထားထုတ်ပြန်ခြင်းမရှိဘဲ မြန်မာနိုင်ငံအာဏာထိန်းသိမ်းမှု၌ သဘောထားထုတ်ပြန်ခြင်းသည် ASEAN ဆောင်ရွက်ချက် ယိမ်းယိုင်တိမ်း စောင်းနေကြောင်း စစ်ဥပဒေချုပ်(ငြိမ်း) ဦးစိုးမောင်ပါတီအပါအဝင် နိုင်ငံရေးပါတီ (၉) ပါတီ သဘောထား ထုတ်ပြန်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၅ (People Media)

 

မိမိတို့အိမ်နီးနားချင်းနိုင်ငံ (ထိုင်းနိုင်ငံ)စစ်ဘက်မှ အာဏာသိမ်းမှုနှင့် ယခု မြန်မာနိုင်ငံ၏ အာဏာထိန်းသိမ်းမှု ဖြစ်စဉ် ထပ်တူညီနီးပါးဖြစ်သော်လည်း အဆိုပါနိုင်ငံအာဏာသိမ်းစဉ်က ASEAN သည် သဘောထားထုတ် ပြန်ခြင်းမရှိဘဲ ယခု မြန်မာနိုင်ငံအပေါ် သဘောထားထုတ်ပြန်ခြင်းသည် ASEAN ၏ ရပ်တည်ချက်သည် ယိမ်း ယိုင်တိမ်းစောင်းနေကြောင်း စစ်ဥပဒေချုပ်(ငြိမ်း) ဦးစိုးမောင်ပါတီအပါအဝင် နိုင်ငံရေးပါတီ (၉) ပါတီက ယနေ့ ထုတ်ပြန်ထားပါတယ်။

 

အဆိုပါ နိုင်ငံရေးပါတီ (၉) ပါတီက “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် တရားဝင် ဖွဲ့စည်းတည်ထောင် ထားသော နိုင်ငံရေးပါတီများမှ EU/ASEAN သို့ သဘောထားထုတ်ပြန်ခြင်း” ခေါင်းစဉ်ဖြင့် ထုတ်ပြန်ထားတာ လည်း ဖြစ်ပါတယ်။

 

ထုတ်ပြန်ချက်၌ အဆိုပါ နိုင်ငံရေးပါတီ (၉) ပါတီ၏ သဘောထားရပ်တည်ချက်ကို အပိုဒ် (၁၂) ပိုဒ်ဖြင့် ရှင်းလင်း ဖော်ပြထားပါတယ်။

 

သဘောထားထုတ်ပြန်ချက် အပိုဒ် ၁၁ ၌ EU သည် ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှုကို အပြည်ပြည်ဆိုင်ရာ ဥပဒေအရ တားမြစ်ထားပါသည်။ ကုလသမဂ္ဂပဋိညာဉ်နှင့် EU ပဋိညာဉ်များတွင်လည်း ထိုသို့ဆောင်ရွက်မှုကို ခွင့်ပြုမထားကြောင်း ဖော်ပြထားသည်။

 

အဆိုပါ သဘောထားထုတ်ပြန်ချက်ကို အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သ မားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ ရခိုင် ပြည်သူ့ပါတီ၊ ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ၊ ခေတ်သစ်ပြည်ထောင်စုပါတီ၊ ရှမ်းနီ(တိုင်းလျှံ)သွေးစီးညီညွတ် ရေးပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်) တို့ ဖြစ်ပါတယ်။

 

#PeopleMedia #Political #ဦးစိုးမောင်

 

(unicode)


……………………………………………………………………….

 


 


 


 


 


 


 



Share this post