• Follow Us on

Home မူးယစ္ႏုိင္ငံေရးသမားလို႔ သံသယရွိေနတဲ့ ၿမိဳ႕ေတာ္၀န္ အသတ္ခံရ

မူးယစ္ႏုိင္ငံေရးသမားလို႔ သံသယရွိေနတဲ့ ၿမိဳ႕ေတာ္၀န္ အသတ္ခံရ

Share this post

ဖိလစ္ပိုင္သမၼတ ဒူတာေတးက မူးယစ္ႏုိင္ငံေရးသမားလုိ႔ စြပ္စြဲထားတဲ့ ၿမိဳ႕ေတာ္၀န္တစ္ဦးဟာ ေအာက္တိုဘာ ၂၅ ရက္ေန႔က ေသနတ္သမားတစ္စုရဲ႕ လုပ္ႀကံပစ္ခတ္မႈေၾကာင့္ ေသဆံုးခဲ့ပါတယ္။

ႏိုင္ငံေတာင္ပိုင္း၊ ကလာရင္ၿမိဳ႕ငယ္ေလးရဲ႕ ၿမိဳ႕ေတာ္၀န္ျဖစ္သူ နာဗာ႐ုိဟာ အႏွိပ္သည္တစ္ေယာက္ကို တိုက္ခိုက္မႈနဲ႔ ၾကာသပေတးေန႔ ဖမ္းဆီးခံခဲဲ့ရတာျဖစ္ၿပီး ရဲလက္ထဲရွိေနခ်ိန္မွာ အခုလို လုပ္ႀကံခံခဲ့ရတာ လည္းျဖစ္ပါတယ္။

ေသနတ္တစ္စုလုိက္ပါလာတဲ့ကားဟာ နာဗာ႐ုိရွိေနတဲ့ ရဲကားအနီးရပ္ၿပီး နာဗာ႐ုိကို ဆြဲထုတ္ကာ ေသနတ္နဲ႔ ပစ္သတ္သြားခဲ့တာျဖစ္ပါတယ္။ အခုျဖစ္ရပ္မွာ နာဗာ႐ုိအနီးရွိေနတဲ့ အေစာင့္ရဲတစ္ဦး လည္း ဒဏ္ရာရရွိခဲ့တယ္လို႔သိရပါတယ္။

၂၀၁၆ ခုႏွစ္က သမၼတဒူတာေတး ထုတ္ျပန္ထားတဲ့ မူးယစ္မႈေတြနဲ႔ ဆက္ႏြယ္ေနတဲ့ တရားသူႀကီး၊ ၿမိဳ႕ေတာ္၀န္နဲ႔ ေဒသခံအစိုးရအရာရွိေတြ ၁၅၀ စာရင္းမွာ ၿမိဳ႕ေတာ္၀န္ နာဗာရိုလည္းတစ္ဦးအပါ အ၀င္ျဖစ္ပါတယ္။

ဖိလစ္ပိုင္မွာ အသတ္ခံရတဲ့ ႏုိင္ငံေရးသမားအမ်ားစုဟာ ဒူတာေတးက မူးယစ္မႈနဲ႔ ဆက္ႏြယ္ေနသူ ေတြလို႔ သတ္မွတ္ခံထားရသူေတြျဖစ္တာေၾကာင့္ ဒူတာေတးရဲ႕ မူးယစ္တုိက္ဖ်က္ေရးစစ္ပြဲအေပၚမွာ လူအခြင့္အေရးေစာင့္ၾကည့္အဖြဲ႕ေတြက စိုးရိမ္မႈေတြရွိေနၾကပါတယ္။

Ref; https://www.rappler.com

(unicode)
မူးယစ်နိုင်ငံရေးသမားလို့ သံသယရှိနေတဲ့ မြို့တော်ဝန် အသတ်ခံရ
———————————————————————-

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက မူးယစ်နိုင်ငံရေးသမားလို့ စွပ်စွဲထားတဲ့ မြို့တော်ဝန်တစ်ဦးဟာ အောက်တိုဘာ ၂၅ ရက်နေ့က သေနတ်သမားတစ်စုရဲ့ လုပ်ကြံပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါတယ်။

နိုင်ငံတောင်ပိုင်း၊ ကလာရင်မြို့ငယ်လေးရဲ့ မြို့တော်ဝန်ဖြစ်သူ နာဗာရိုဟာ အနှိပ်သည်တစ်ယောက်ကို တိုက်ခိုက်မှုနဲ့ ကြာသပတေးနေ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ရဲလက်ထဲရှိနေချိန်မှာ အခုလို လုပ်ကြံခံခဲ့ရတာ လည်းဖြစ်ပါတယ်။

သေနတ်တစ်စုလိုက်ပါလာတဲ့ကားဟာ နာဗာရိုရှိနေတဲ့ ရဲကားအနီးရပ်ပြီး နာဗာရိုကို ဆွဲထုတ်ကာ သေနတ်နဲ့ ပစ်သတ်သွားခဲ့တာဖြစ်ပါတယ်။ အခုဖြစ်ရပ်မှာ နာဗာရိုအနီးရှိနေတဲ့ အစောင့်ရဲတစ်ဦး လည်း ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

၂၀၁၆ ခုနှစ်က သမ္မတဒူတာတေး ထုတ်ပြန်ထားတဲ့ မူးယစ်မှုတွေနဲ့ ဆက်နွယ်နေတဲ့ တရားသူကြီး၊ မြို့တော်ဝန်နဲ့ ဒေသခံအစိုးရအရာရှိတွေ ၁၅၀ စာရင်းမှာ မြို့တော်ဝန် နာဗာရိုလည်းတစ်ဦးအပါ အဝင်ဖြစ်ပါတယ်။

ဖိလစ်ပိုင်မှာ အသတ်ခံရတဲ့ နိုင်ငံရေးသမားအများစုဟာ ဒူတာတေးက မူးယစ်မှုနဲ့ ဆက်နွယ်နေသူ တွေလို့ သတ်မှတ်ခံထားရသူတွေဖြစ်တာကြောင့် ဒူတာတေးရဲ့ မူးယစ်တိုက်ဖျက်ရေးစစ်ပွဲအပေါ်မှာ လူအခွင့်အရေးစောင့်ကြည့်အဖွဲ့တွေက စိုးရိမ်မှုတွေရှိနေကြပါတယ်။

Ref; https://www.rappler.com


Share this post