• Follow Us on

Home မြန်မာနိုင်ငံရှိ ဗြိတိန်နိုင်ငံသားများ ထွက်ခွာကြရန် ဗြိတိန်အစိုးရ ပြော

မြန်မာနိုင်ငံရှိ ဗြိတိန်နိုင်ငံသားများ ထွက်ခွာကြရန် ဗြိတိန်အစိုးရ ပြော

Share this post

οရန်ကုန် မတ် ၁၂

မြန်မာ့တပ်မတော်က အာဏာထိန်းရန် လူသားမဆန်သောပြစ်မှုများ ကျူးလွန်နိုင်ဖွယ်ရှိကြောင်း ကုလ သမ ဂ္ဂအဖွဲ့မှ ကျွမ်းကျင်သူတစ်ဦးက သတိပေးခဲ့ရာ ဗြိတိန်နိုင်ငံသားများ မြန်မာနိုင်ငံမှထွက်ခွာကြရန် ဗြိတိန်နိုင်ငံ က ယနေ့ အကြံပြုလိုက်သည်။

ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း မြန်မာ့တပ်မတော်က ဆန္ဒပြသူများအပေါ် ဖြိုခွင်းမှုများကြောင့် လူ ၇၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ ထိပ်တန်းလူ့အခွင့်အရေး ပညာရှင် တစ်ဦးက ပြောကြားလိုက်သည်။

တပ်မတော်က အာဏာထိန်းပြီးနောက်ပိုင်း နိုင်ငံရေးတင်းမာမှုနှင့် မငြိမ်မသက်မှုများ ဖြစ်ပွားလာပြီး အ ကြမ်းဖက်မှုများ မြင့်တက်လာကြောင်း ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံရှိ ၎င်း၏နိုင်ငံသားများကို သတိပေးခဲ့သည်။

အရေးတကြီး နေထိုင်ရန်မလိုအပ်ပါက မြန်မာနိုင်ငံမှ ဗြိတိန်ပြည်သူများ ထွက်ခွာကြရန် နိုင်ငံခြားရေး၊ ဓ နသဟာယနှင့် ဖွံ့ဖြိုးရေးရုံးက အကြံပြုကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာရေး သားတင်ပြသူ သောမတ်အန်ဒရူးစ်က မြန်မာ့အရေး ထိုသို့တင်ပြမှုကြောင့် ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံရှိ နိုင်ငံသားထွက်ခွာရန် အကြံပြုခြင်းဖြစ်သည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာအဖွဲ့ကလည်း ယမန်နေ့က အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပြီး ဆန္ဒပြသူများအပေါ် အကြမ်းဖက်ဖြိုခွင်းမှုကို ရှုတ်ချလိုက်သည်။

–ကိုးကား–အေအက်ဖ်ပီ
Ref; Britain tells its citizens to get out of Myanmar


Share this post