• Follow Us on

Home မှန်ကန်သည့်ခေါင်းဆောင်ကောင်း ဖြစ်စေရန်အတွက် အမိန့်နာခံမှုကောင်းစွာဖြင့် နောက်လိုက်ကောင်းဖြစ်ရန်လည်းလိုအပ်ကြောင်း တပ်ချုပ်ပြောကြား

မှန်ကန်သည့်ခေါင်းဆောင်ကောင်း ဖြစ်စေရန်အတွက် အမိန့်နာခံမှုကောင်းစွာဖြင့် နောက်လိုက်ကောင်းဖြစ်ရန်လည်းလိုအပ်ကြောင်း တပ်ချုပ်ပြောကြား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၉

မှန်ကန်သည့်ခေါင်းဆောင်ဖြစ်စေရန်အတွက် အမိန့်နာခံမှုကောင်းစွာဖြင့် နောက်လိုက်ကောင်းဖြစ်ရန်လည်း လိုအပ်ကြောင်း၊ ဘဝရည်မှန်းချက်များ ပြည့်ဝရန်အတွက် တစ်ဦးချင်း မိမိကိုယ်ကိုထိန်းသိမ်း၍ စည်းကမ်းတကျ ကြိုးစားအားထုတ်ကြရန်၊ ရောင့်ရဲတင်းတိမ်စိတ်ရှိကြရန်၊ စည်းလုံးညီညွတ်စွာဖြင့် မိမိတို့နိုင်ငံကို တိုးတက် ကောင်းမွန်အောင်ဆောင်ရွက်ကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ နည်းပြအရာရှိများ၊ ခြေလျင်တပ်စုမှူး(အမျိုးသမီး) သင်တန်းနှင့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း တို့မှ သင်တန်းသူများအား ယနေ့နံနက်ပိုင်းတွင် မြဝတီခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မှော်ဘီတပ်နယ်မှ တပ်ရင်းတပ်ဖွဲ့မှူးများ၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ နည်းပြအရာရှိများ၊ ခြေလျင်တပ်စုမှူး(အမျိုးသမီး) သင်တန်းနှင့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းတို့မှ သင်တန်းသူများ တက်ရောက်ကြသည်။


Share this post