• Follow Us on

Home မန္တလေးတွင် သံဃာတစ်ပါးအပါအဝင် COVID-19 အတည်ပြုလူနာသစ် ၄ ဦးတွေ့


Share this post

မန္တလေး၊ စက်တင်ဘာ – ၁၈





အောင်အောင်(မန်း)


(unicode)
မန္တလေးတွင် သံဃာတစ်ပါးအပါအဝင် COVID-19 အတည်ပြုလူနာသစ် ၄ ဦးတွေ့
………………………………………………

မန္တလေး၊ စက်တင်ဘာ – ၁၈

မန္တလေးမြို့၊ အမရပူရမြို့နယ်တွင် သံဃာတစ်ပါးအပါအဝင် COVID-19 အတည်ပြုလူနာသစ် ၄ ဦး တွေ့ရှိ ကြောင်း စက်တင်ဘာ ၁၇ ရက်နေ့ ထုတ်ပြန်ထားသည်။

သံဃာတော်တစ်ပါးမှာ ဗားကရာကျောင်းဝင်းအတွင်းရှိ မစိုးရိမ်ကျောင်းတိုက်မှဖြစ်ပြီး ၎င်းကျောင်းတိုက်တွင် သီတင်းနေသည့် သံဃာတော် ၅၀ ပါးကျော်ရှိသည်။

လက်ရှိ ၎င်းကျောင်းတိုက်ကို အသွားအလာကန့်သတ်ထားသည်။

လက်ရှိ မန္တလေးမြို့တွင် COVID-19 အတည်ပြုလူနာ ၅၀ ကျော်ရှိနေပြီး တစ်ဦးသေဆုံးထားသည်။

အောင်အောင်(မန်း)

#PeopleMedia #မန္တလေး #COVID19


Share this post