• Follow Us on

Home မန္တလေးမြို့နယ်အတွင်းရှိ လမ်းဘေးကျူး၊ အစိုးရမြေကျုးနှင့် ကျုးကျော်အမျိုးမျိုးကို မနက်ဖြန်မှ စတင်၍ မန္တ လေးတိုင်းအစိုးရ စတင်ရှင်းလင်းမည်

မန္တလေးမြို့နယ်အတွင်းရှိ လမ်းဘေးကျူး၊ အစိုးရမြေကျုးနှင့် ကျုးကျော်အမျိုးမျိုးကို မနက်ဖြန်မှ စတင်၍ မန္တ လေးတိုင်းအစိုးရ စတင်ရှင်းလင်းမည်

Share this post

မန္တလေး၊ နိုဝင်ဘာ ၁၆ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ မြို့နယ် ၆ မြို့နယ်ဖြစ်သည့် အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်အတွင်း၌  ကျူး ကျော်နေထိုင်သူများကို နိုဝင်ဘာ ၁၇ ရက်နေ့မှ စတင်ကာ ရှင်းလင်းသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက People Media ကို ပြောသည်။

 

အထက်ပါကဲ့သို့ ဖယ်ရှားရှင်းလင်းရာတွင် ယင်းမြို့နယ် ၆. မြို့နယ်အတွင်း လမ်းမြေ၊ မြောင်းမြေ၊ ရထားမြေ၊ လျှပ်စစ်ဓာတ်အားလိုင်းနယ်မြေ၊ အစိုးရဌာနဆိုင်ရာနယ်မြေနှင့် ပုဂ္ဂလိကပိုင်နေရာများတွင် ဥပဒေနှင့် ညီညွတ်မှု မရှိဘဲ နေထိုင်သူများ ပါဝင်ကြောင်း သိရသည်။

 

အဆိုပါကဲ့သို့ ရှင်းလင်းဖယ်ရှားမည့်အပြင် သက်ဆိုင်သူများအနေဖြင့်လည်း မိမိတို့ပိုင်ဆိုင်သည့်နေရာများတွင်း တရားမဝင်ကျူးကျော်နေထိုင်သူများရှိပါကလည်း ပိုင်ဆိုင်မှုနှင့် အတူတင်ပြကာ သတင်းပို့တိုင်ကြားနိုင်ကြောင်း ဖော်ပြပါရှိသည်။

 

ယင်းကဲ့သို့ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ် ၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်ရှိ ကျူးကျော်များကို ဖယ်ရှားရှင်းလင်းမည်ဖြစ်သောကြောင့် နိုဝင်ဘာ ၁၆ ရက်နေ့ နောက်ဆုံးထားကာ ရွေ့ပြောင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

 

#PeopleMedia #မန္တလေးကျူးကျော်

 

(unicode)


………………………………………………………….

 

မန်တလေး၊ နိုဝငျဘာ ၁၆ (People Media)

 


 


 


 


 

#PeopleMedia #မန်တလေးကြူးကြောျ


Share this post