• Follow Us on
Latest News

Home မန္တလေးမြို့မှ ကချင်ပြည်နယ်သို့ လေကြောင်းလိုင်းဖြင့် လိုက်ပါလာသူတွင် COVID ပိုးတွေ့

မန္တလေးမြို့မှ ကချင်ပြည်နယ်သို့ လေကြောင်းလိုင်းဖြင့် လိုက်ပါလာသူတွင် COVID ပိုးတွေ့

Share this post

ဗန်းမော်၊ ဇန်နဝါရီ ၂၆ (People Media)

မန္တလေးမြို့မှ ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ လေကြောင်းလိုင်းဖြင့် လိုက်ပါလာပြီး Hotel Quarantine ဝင်နေသည့် သွားဆရာဝန်ထံတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ် COVID ကော်မတီ တာဝန်ရှိသူက အတည်ပြုသည်။

ဇန်နဝါရီ ၁၈ ရက်နေ့ တွင် မန္တလေးမြို့မှ ဗန်းမော်မြို့သို့ မြန်မာအမျိုးသားလေကြောင်း ATR-XY AME ဖြင့် လိုက်ပါလာပြီး ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ ပါရာဒိုက်ဟိုတယ်တွင် Hotel Quarantine ဝင်ရောက်လျှက်ရှိ ပြီး ရွှေကူမြို့၊ ပြည်သူ့ဆေးရုံမှ သွားဆရာဝန်အား ဇန်နဝါရီ ၂၅ ရက်နေ့ ညနေ ၄နာရီအချိန်က ဗန်းမော် ပြည်သူ့ဆေးရုံကြီး ၌ COVID-19 ရောဂါပိုးရှိ/မရှိ စစ်ဆေးရာ၊ Povitive ဖြစ်ကြောင်း စမ်းသပ်တွေ့ရှိသဖြင့် ဗန်းမော်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျှက်ရှိပြီး၊ ပါရာဒိုက်ဟိုတယ်အား အသွားအလာ ကန့်သတ်၍ Lock Down ချထားသည်ဟု ဆိုသည်။

“လေယာဉ်ပျံနဲ့လာတဲ့သူတွေကို သက်ဆိုင်ရာ ရပ်ကွက်အလိုက် Quarantine ထားတယ်၊ တချို့ကလည်း ဟိုတယ် Quarantine နေကြတယ်၊ ၁၈ ရက်နေ့က ရောက်တဲ့သူ(၁၃)ယောက်က ဟိုဘက်မှာစစ်ဆေးလို့ Negative ဖြစ်လို့ ၊ လေယာဉ်ပျံနဲ့ လိုက်လာသူတွေကို မနေ့က (၇)ရက်ပြည့်လို့ ထပ်စစ်တော့ တစ်ယောက်က positive ဖြစ်သွားတယ် သူက ရွှေကူမှာ တာဝန်ကျတဲ့ သွားဆရာဝင်ပါ။ ပါရာဒိုက်ဟိုတယ်မှာ ကွာရင်တင်း ဝင်နေတာ။ ဗန်းမော်မှာ ကွာရင်တင်းဝင်ပြီးမှ ရွှေကူကိုပြန်မယ်ပေါ့၊ အခုတော့ဆေးရုံက သီးသန့်အဆောင်မှာ ဆေးကုသမှုခံယူနေတယ် လူကလည်း ကျန်းမာပါတယ်လို့” မြို့နယ် ဒုဦးစီမှူး ဦးမျိုးဇော်ရှိန်းက ပြောသည်။

၎င်း၏ ခရီးသွားရာဇဝင်အား စိစစ်ခဲ့ရာ ဇန်နဝါရီ ၁၅ ရက်နေ့တွင် မန္တလေးမြို့ရှိ သွားဘက်တက္ကသိုလ်၌ ဒီပလို မာဘွဲ့ တက်ရောက်ယူခဲ့ပြီးနောက် မန္တလေးမြို့မှ ဗန်းမော်မြို့သို့ လေကြောင်းလိုင်းဖြင့် တိုက်ရိုက်လာရောက်ခဲ့ ပြီး ပါရာဒိုက်ဟိုတယ်တွင် Hotel Quarantine ထားရှိစဉ် COVID-19 ရောဂါပိုး Positive တွေ့ရှိခဲ့ခြင်းဖြစ် သည်။ မြန်မာနိုင်ငံတွင် COVID-19 လူနာ ဖြစ်ပွား၊ သေဆုံးမှုအခြေအနေနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကူးစက်အတည်ပြုလူနာ တစ်သိန်းသုံးသောင်းကျော်ရှိပြီး၊ ဆေးရုံဆင်းခွင့်ရရှိသူ တစ်သိန်းနှစ်သောင်းကျော်ရှိပြီဖြစ်သည်။

အဆိုပါရောဂါဖြင့် သေဆုံးလူနာ သုံးထောင်ကျော်ပြီဖြစ်သည်။

ဖြိုးဖြိုး #PeopleMedia #ရွှေကူမြို့

(unicode)
…………………………………………









Share this post