• Follow Us on

Home “ယာဉ်ထိန်းရုံး ထပ်မံမီးရှို့ဖျက်ဆီးခံရ”

“ယာဉ်ထိန်းရုံး ထပ်မံမီးရှို့ဖျက်ဆီးခံရ”

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၃ (People Media)

 

ပြီးခဲ့သည့်ရက်ပိုင်းက ဗိုလ်တထောင်မြို့နယ်ရှိ ယာဉ်ထိန်းရုံးအား မီးရှို့ဖျက်ဆီးခံရမှုရှိခဲ့သည့်အပြင် ဒီဇင်ဘာ ၂ ရက်နေ့ ညကလည်း မင်္ဂလာတောင်ညွှန့်မြို့နယ် ယာဉ်ထိန်းရုံးကိုလည်း ထပ်မံမီးရှို့ဖျက်ဆီးခံရကြောင်း သိရပါ တယ်။

 

ထပ်မံမီးရှို့ခံရသည့်ရုံးမှာ မင်္ဂလာဈေးမီးပွိုင့်ရှိ ယာဉ်ထိန်းရုံးဖြစ်ပြီး မီးလောင်ပျက်ဆီးမှုကြောင့် အတွင်းရှိ စက်ပစ္စည်းများ ပျက်ဆီးဆုံးရှုံးခဲ့ကြောင်းသိရသည်။

 

“မီးကတော့ ရှို့မီးပါ၊ ယာဉ်ထိန်းရုံးဘက်ဖြစ်တော့ လူမရှိဘူး။  ယာဉ်ထိန်းရုံးကတော့ အတော်များများ ပျက်ဆီး သွားတယ်” ဟု မင်္ဂလာတောင်ညွှန့်ရပ်ကွက်တွင်နေထိုင်သူတစ်ဦးက ပြောပါတယ်။

 

ပြီးခဲ့သည့်ရက်ပိုင်းက ယာဉ်ထိန်းရုံးကို မီးရှို့ဖျက်ဆီးသောသူများကို ဖမ်းမိခြင်းမရှိသေးသော်လည်း ထပ်မံမီးရှို့ ခံရခြင်းဖြစ်ပါတယ်။

 

Photo – CJ

 

#PeopleMedia #ယာဉ်ထိန်းရုံး #မီးလောင်

 

(unicode)


………………………………………

 


 


 


 


 


 

Photo – CJ

 



Share this post