• Follow Us on

Home ယူကရိန်းအတွက်လိုအပ်နေတာ ဂျက်တိုက်လေယာဉ်တွေမဟုတ်ဘဲ မြေပြင်မှဝေဟင်ပစ် ဒုံးကျည်တွေဖြစ် တယ်လို့ အမေရိကန်ပြော

ယူကရိန်းအတွက်လိုအပ်နေတာ ဂျက်တိုက်လေယာဉ်တွေမဟုတ်ဘဲ မြေပြင်မှဝေဟင်ပစ် ဒုံးကျည်တွေဖြစ် တယ်လို့ အမေရိကန်ပြော

Share this post

နိုင်ငံတကာ၊ မတ် ၁၁

 

ရုရှားကျူးကျော်မှုကို ယူကရိန်းနိုင်ငံက ပြန်လည်ခုခံတိုက်ခိုက်ရာမှာ မြေပြင်အခြေစိုက်လက်နက်တွေကိုပံ့ပိုးကူ ညီသွားတာက ပိုကောင်းတယ်လို့ပြောဆိုပြီး အမေရိကန်စစ်အခြေစိုက်စခန်းကတစ်ဆင့် ယူကရိန်းနိုင်ငံက MiG ဂျက်တိုက်လေယာဉ်တွေပို့ပေးဖို့ဆိုတဲ့အဆိုပြုချက်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁၀ ရက် နေ့က ပယ်ချလိုက်ပါတယ်။

 

ရုရှားလေကြောင်းတိုက်ခိုက်မှုကို ကာကွယ်နိုင်ဖို့အတွက် တိုက်လေယာဉ်တွေပို့ပေးတာဖြစ်စေ လေယာဉ်မပျံ သန်းရဇုံသတ်မှတ်ပေးတာဖြစ်စေ ဆောင်ရွက်ပေးဖို့ အမေရိကန်အစိုးရနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို ယူကရိန်း သမ္မတဗလာဒီမာဇီလန်စကီးက အကြိမ်ကြိမ်တောင်းဆိုခဲ့ပါတယ်။

 

ဒါပေမဲ့ ရုရှားလေတပ်ကို ထိရောက်စွာတုံ့ပြန်ဖို့ ယူကရိန်းနိုင်ငံအတွက် မြေပြင်အခြေစိုက်ကာကွယ်ရေးလက် နက်တွေရှိတာက ပိုပြီးထိရောက်တာကိုတွေ့ရှိရကြောင်း ဝါရှင်တန်မြို့မှာ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ ပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်က သတင်းထောက်တွေကိုပြောပါတယ်။

 

“ကျွန်တော်တို့မိတ်ဖက်နိုင်ငံ ယူကရိန်းကို မြေပြင်က ဝေဟင်ပစ်လက်နက်စနစ်တွေကို ဆက်ပြီးထောက်ပံ့ပေး သွားမှာပါ။ ရုရှားဒုံးကျည်တွေ၊ ရုရှားရော့ကကတ်တွေနဲ့ ရုရှားအမြောက်တွေရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရာ မှာ ယူကရိန်းတွေလိုအပ်နေတာက မြေပြင်က ဝေဟင်ပစ် လက်နက်တွေပါ။” လို့ နက်ဒ်ပရိုက်စ်ကပြောပါတယ်။

 

ယူကရိန်းနိုင်ငံမှာ အသင့်တိုက်ပွဲဝင်နိုင်တဲ့ တိုက်လေယာဉ်အုပ်တွေ လေးငါးအုပ်ရှိပြီးသားဖြစ်ကြောင်း၊ အမေရိ ကန်ပြည်ထောင်စုက ယူကရိန်းကို နောက်ထပ်တိုက်လေယာဉ်တွေပို့ပေးတာဟာ ပြဿနာပေါ်မှာ ထပ်ပြီးဓာတ် ဆီလောင်းလိုက်တာသာဖြစ်နိုင်ကြောင်း နက်ဒ်ပရိုက်စ်က ပြောပါတယ်။

 

“ဒီလိုအပြုအမူနဲ့ တိုက်လေယာဉ်တွေထောက်ပံ့တာဟာ ရုရှားအစိုးရရဲ့အမြင်မှာ တင်းမာမှုတွေကို ပိုမိုမြင့်တက် စေမှာဖြစ်တယ်လို့ ထောက်လှမ်းရေးအဖွဲ့အစည်းတွေက လေ့လာဆန်းစစ်ထားတာရှိပါတယ်။” လို့ ၎င်းကပြော ပါတယ်။

 

“ကျွန်တော်တို့ တတ်နိုင်သလောက် လူ့အသက်ပေါင်းများစွာကိုကယ်တင်ဖို့အတွက် ဒီပဋိပက္ခကြီးရပ်တန့်သွား အောင် ကျွန်တော်တို့တတ်နိုင်တာမှန်သမျှဆောင်ရွက်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ဒီပဋိပက္ခကြီးဆက် လက်မကြီးထွားဖို့ ကျွန်တော်တို့လုပ်နိုင်တဲ့အရာမှန်သမျှ လုပ်ဖို့လိုပါတယ်။” လို့ ၎င်းကပြောပါတယ်။

 

ပိုလန်အစိုးရက ဆိုဗီယက်ခေတ် MiG 29 တိုက်လေယာဉ်တွေကို ရိုမေးနီးယားနဲ့ ဂျာမနီမှာရှိတဲ့ အမေရိကန်စစ် အခြေစိုက်စခန်းတွေကတစ်ဆင့် ယူကရိန်းနိုင်ငံကို ပို့ပေးမယ်၊ အမေရိကန်က ပိုလန်အတွက် F-16 တိုက်လေ ယာဉ်တွေပြန်လည်ဖြည့်တင်းပေးပါလို့ တောင်းဆိုခဲ့ပါတယ်။

 

ဒါပေမဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး အယ်လွိုက်သြစတင်က အမေရိကန်အစိုးရအနေနဲ့ ပိုလန်တင်ပြထား တဲ့အစီအစဉ်ကို စိတ်မဝင်စားကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီး မာရီးယပ်စ်ဘလပ်ဇက်ခ်ကိုပြောပါတယ်။

 

Ref: US: Ukraine Needs Surface-to-Air Missiles, Not Fighter Jets

 

#PeopleMedia

 

(unicode)


…………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: US: Ukraine Needs Surface-to-Air Missiles, Not Fighter Jets

 

#PeopleMedia


Share this post