• Follow Us on

Home ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း၌ တရားမဝင် ဆိုင်ကယ်စီးနင်းနေမှုကို တိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားချက် ဖြင့်သာ ထိရောက်စွာ ဖမ်းဆီးနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ ပြောဆို

ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း၌ တရားမဝင် ဆိုင်ကယ်စီးနင်းနေမှုကို တိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားချက် ဖြင့်သာ ထိရောက်စွာ ဖမ်းဆီးနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ ပြောဆို

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၁၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း၌ တရားမဝင် ဆိုင်ကယ်စီးနင်းနေမှုကို တိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားချက် ဖြင့်သာ ဖမ်းဆီးနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုလိုက်ပါ တယ်။

ရန်ကုန်တိုင်းဒေသကြီး၌ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ တွံ့တေး၊ ကော့မှူး၊ တိုက်ကြီး၊ ထန်းတပင်၊ မှော်ဘီ၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ ကိုကိုးကျွန်း၊ လှည်းကူး၊ ကွမ်းခြံကုန်းစသည့် မြို့နယ်များမှလွဲ၍ ကျန်မြို့ နယ်များ၌ လိုင်စင်ရှိ၊ လိုင်စင်မဲ့ဆိုင်ကယ်များ စီးနင်းခွင့်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုထား ခြင်းမရှိပါ။

လက်ရှိအချိန်၌ ရန်ကုန်မြို့နှင့် အနီးဆုံးမြို့ဖြစ်သည့် လှိုင်သာယာ၊ သာကေတ၊ ဒေါပုံ၊ မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်များနှင့် အခြားသော မြို့နယ်များတွင် လိုင်စင်မဲ့ ဆိုင်ကယ်များကို အများပြည်သူက အသုံးပြုစီးနင်းလျက်ရှိသည်။

ထိုကဲ့သို့ ခွင့်ပြုချက်မဲ့ဆိုင်ကယ်များ စီးနင်းနေသည့်အပေါ် People Media က ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းရာ ” စီးနင်းနေတာ မြင်တွေ့ရပါတယ်။ တိုင်းအစိုးရရဲ့ ညွှန်ကြား ချက်လိုအပ်ပါတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်လည်း ရှိနေပါတယ်” ပြောဆိုသည်။

လိုင်စင်မဲ့ဆိုင်ကယ်များ စီးနင်းမှုကို တွေ့ရှိလျှင် နိုင်ငံပိုင်အဖြစ် သိမ်းဆည်းသွားမည်ဖြစ်ပြီး စီးနင်းသူများကို လည်း ဥပဒေအရ အရေးယူနိုင်သည်။

ရန်ကုန်တိုင်းစည်ပင်ဧရိယာ၌ တရားမဝင် ဆိုင်ကယ်စီးနင်းမှုကြောင့် လမ်းအသုံးပြုသည့် ယာဉ်များနှင့် ဆိုင်ကယ်စီးနင်းသူများသည် မကြာခဏပဋိပက္ခ ဖြစ်ပေါ်လျက်ရှိသည်။

Photo – credit

#PeopleMedia #ယာဉ်ထိန်းရဲ

(unicode)
………………………………………………………….








Photo – credit



Share this post