• Follow Us on

Home ရန္ကုန္တကၠသုိလ္ရာျပည့္သဘင္သုိ႔ လာေရာက္ၾကည့္ရႈၾကမည့္ ေက်ာင္းသား/သူမ်ား၊ ဆရာ/မမ်ား၊ ေက်ာင္းသားေဟာင္းမ်ား တစ္ဦးႏွင့္ တစ္ဦး (၆) ေပခြာ၍ ေနၾကရန္ ပညာေရးဝန္ႀကီးဌာန ထုတ္ျပန္

ရန္ကုန္တကၠသုိလ္ရာျပည့္သဘင္သုိ႔ လာေရာက္ၾကည့္ရႈၾကမည့္ ေက်ာင္းသား/သူမ်ား၊ ဆရာ/မမ်ား၊ ေက်ာင္းသားေဟာင္းမ်ား တစ္ဦးႏွင့္ တစ္ဦး (၆) ေပခြာ၍ ေနၾကရန္ ပညာေရးဝန္ႀကီးဌာန ထုတ္ျပန္

Share this post

ရန္ကုန္၊ ႏုိဝင္ဘာ – ၃၀

ရန္ကုန္တုိင္းေဒသႀကီး၊ ကမာရြက္ၿမိဳ႕နယ္၊ ရန္ကုန္တကၠသုိလ္ရာျပည့္သဘင္ အထိမ္းအမွတ္ျပင္ဆင္ထားသည္ကုိ လာ ေရာက္ၾကည့္ရႈၾကမည့္ ေက်ာင္းသား/သူမ်ား၊ ဆရာ/မမ်ား၊ ေက်ာင္းသားေဟာင္းမ်ား တစ္ဦးႏွင့္ တစ္ဦး (၆) ေပခြာ၍ ေနၾကရန္ ပညာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

ထုိ႔အတူ ရန္ကုန္တုိင္းေဒသႀကီးသည္ တစ္ႏုိင္ငံလုံး COVID ပုိး ေတြ႕ရွိလူနာ၏ ၇၅ ရာခုိင္ႏႈန္းရွိၿပီး ရန္ကုန္တုိင္းေဒသႀကီး ၿမိဳ႕နယ္(၄၄)ၿမိဳ႕နယ္ကုိ Stay At Home ထုတ္ျပန္ထားသည္။

ထုိ႔အတူ ရန္ကုန္တုိင္းေဒသႀကီး၌ ကမာရြက္ၿမိဳ႕နယ္သည္ ပုိးေတြ႕လူနာအမ်ားဆုံး ၿမိဳ႕နယ္တစ္ခုျဖစ္ေၾကာင္း ပညာေရး ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။

ရန္ကုန္တကၠသုိလ္ရာျပည့္သဘင္အထိမ္းအမွတ္ျပင္ဆင္ထားသည္ကုိ လာေရာက္ၾကည့္ရႈ႕ၾကမည့္ ျပည္သူမ်ားအေနျဖင့္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္ ညႊန္ၾကားခ်က္မ်ားႏွင့္အညီ လုိက္နာေဆာင္ရြက္ေနထုိင္သြားၾကရန္ ပညာေရးဝန္ႀကီးဌာနက တုိက္တြန္းထားသည္။

ထုိ႔အတူ COVID-19 သံသယလကၡဏာမ်ားေတြ႕ရွိရပါက ရန္ကုန္တကၠသုိလ္မ်ားေဆးရုံတြင္ စစ္ေဆးမႈမ်ားျပဳလုပ္ၿပီး Q စင္တာမ်ားသုိ႔ ပုိ႔ေဆာင္သြားမည္ျဖစ္သည္။

ႏုိဝင္ဘာ(၂၉)ရက္ေန႔၌ ရန္ကုန္တကၠသုိလ္ရာျပည့္သဘင္သုိ႔ လူေရာက္ၾကသူမ်ားသည္ အလြန္မ်ားျပားလ်က္ရွိၿပီး လူစု လူေဝးျဖစ္ေပၚလ်က္ရွိသည္။

Photo – ကမာရြက္(ျပန္/ဆက္)

#PeopleMedia #ရန္ကုန္တကၠသုိလ္

(unicode)
ရန်ကုန်တက္ကသိုလ်ရာပြည့်သဘင်သို့ လာရောက်ကြည့်ရှုကြမည့် ကျောင်းသား/သူများ၊ ဆရာ/မများ၊ ကျောင်းသားဟောင်းများ တစ်ဦးနှင့် တစ်ဦး (၆) ပေခွာ၍ နေကြရန် ပညာရေးဝန်ကြီးဌာန ထုတ်ပြန်
…………………………………………………………………….

ရန်ကုန်၊ နိုဝင်ဘာ – ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွက်မြို့နယ်၊ ရန်ကုန်တက္ကသိုလ်ရာပြည့်သဘင် အထိမ်းအမှတ်ပြင်ဆင်ထားသည်ကို လာ ရောက်ကြည့်ရှုကြမည့် ကျောင်းသား/သူများ၊ ဆရာ/မများ၊ ကျောင်းသားဟောင်းများ တစ်ဦးနှင့် တစ်ဦး (၆) ပေခွာ၍ နေကြရန် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီးသည် တစ်နိုင်ငံလုံး COVID ပိုး တွေ့ရှိလူနာ၏ ၇၅ ရာခိုင်နှုန်းရှိပြီး ရန်ကုန်တိုင်းဒေသကြီး မြို့နယ်(၄၄)မြို့နယ်ကို Stay At Home ထုတ်ပြန်ထားသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး၌ ကမာရွက်မြို့နယ်သည် ပိုးတွေ့လူနာအများဆုံး မြို့နယ်တစ်ခုဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ရန်ကုန်တက္ကသိုလ်ရာပြည့်သဘင်အထိမ်းအမှတ်ပြင်ဆင်ထားသည်ကို လာရောက်ကြည့်ရှု့ကြမည့် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နေထိုင်သွားကြရန် ပညာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

ထို့အတူ COVID-19 သံသယလက္ခဏာများတွေ့ရှိရပါက ရန်ကုန်တက္ကသိုလ်များဆေးရုံတွင် စစ်ဆေးမှုများပြုလုပ်ပြီး Q စင်တာများသို့ ပို့ဆောင်သွားမည်ဖြစ်သည်။

နိုဝင်ဘာ(၂၉)ရက်နေ့၌ ရန်ကုန်တက္ကသိုလ်ရာပြည့်သဘင်သို့ လူရောက်ကြသူများသည် အလွန်များပြားလျက်ရှိပြီး လူစု လူဝေးဖြစ်ပေါ်လျက်ရှိသည်။

Photo – ကမာရွက်(ပြန်/ဆက်)

#PeopleMedia #ရန်ကုန်တက္ကသိုလ်


Share this post