• Follow Us on

Home ရန္ကုန္တိုင္း၌ ကိုယ္စားလွယ္ေလာင္းေလွ်ာက္ထားသူ (၉၅၄)ေယာက္မွ (၃)ေယာက္ ေလ်ာက္လႊာ႐ုပ္သိမ္း

ရန္ကုန္တိုင္း၌ ကိုယ္စားလွယ္ေလာင္းေလွ်ာက္ထားသူ (၉၅၄)ေယာက္မွ (၃)ေယာက္ ေလ်ာက္လႊာ႐ုပ္သိမ္း

Share this post

ရန္ကုန္၊ ၾသဂုတ္ – ၁၂

ရန္ကုန္တိုင္း၌ ကုိယ္စားလွယ္ေလာင္း ေလ်ာက္ထားသူ(၉၅၄)ေယာက္မွ ေလ်ာက္လႊာျပန္လည္ရုပ္သိမ္းသူ (၃)ေယာက္ရွိတယ္လုိ႔ ရန္ကုန္တိုင္းေဒသႀကီး ေရြးေကာက္ပြဲေကာ္မရွင္ထံက အတည္ျပဳေျပာဆုိပါတယ္။

ကိုယ္စားလွယ္ေလာင္း ေလ်ာက္လႊာမ်ား ရုပ္သိမ္းမႈအေပၚ ၾသဂုတ္လ ၁၂ရက္၌ people media က ရန္ကုန္တိုင္းေဒသႀကီးေရြးေကာက္ပြဲေကာက္ပြဲေကာ္မရွင္ ဒုတိယၫႊန္ၾကားေရးမွဴး ဦးတင္ေမာင္ေအးထံ ဆက္သြယ္ေမးျမန္းခဲ့ပါတယ္။

“ကိုယ္စားလွယ္ေလာင္းျပန္႐ုပ္သိမ္းတာ ၃ေယာက္ရွိပါတယ္။ ပါတီေတာ့ကြ်န္ေတာ္မမွတ္မိဘူးဗ်။ လက္ရွိ ကိုယ္စားလွယ္အာလုံးေလွ်ာက္ထားတာေတာ့ ၉၅၄ေယာက္ရွိပါတယ္’’ဟု၎ကေျပာသည္။

လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအမည္စာရင္းမ်ားကို ဇူလိုင္ ၂၀ ရက္ေန႔မွ ၾသဂုတ္လ ၇ ရက္ေန႔အထိ တင္သြင္းႏုိင္ျပီး ကုိယ္စားလွယ္ေလာင္း ရုပ္သိမ္းလႊာကုိ ၾသဂုတ္လ၁ဝရက္ေန႔ေနာက္ဆုံးထားျပီး သက္ဆုိင္ရာ ေရြးေကာက္ပြဲေကာ္မရွင္ထံ တင္ျပႏုိင္တာလည္း ျဖစ္ပါတယ္။

အလားတူ မႏၱေလးတုိင္းေဒသၾကီး၌ ႏုိင္ငံေရးပါတီအသီးသီးမွ ကုိယ္စားလွယ္ (၅၄၃)ေယာက္ရွိျပီး ကုိယ္စား လွယ္ေလာင္းရုပ္သိမ္းသူ(၁)ေယာက္ရွိခဲ့ပါတယ္။

လာမည့္ေရြးေကာက္ပြဲကုိ ႏုိဝင္ဘာ(၈)ရက္ေန႔၌ က်င္းပရန္ စီစဥ္ထားျပီး မဲေပးခြင့္ရွိသူ (၃၇)သန္း ေက်ာ္ရွိေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က သတင္းထုတ္ျပန္ထားပါတယ္။

#PeopleMedia #2020elelction #UEC

(unicode)
ရန်ကုန်တိုင်း၌ ကိုယ်စားလှယ်လောင်းလျှောက်ထားသူ (၉၅၄)ယောက်မှ (၃)ယောက် လျောက်လွှာရုပ်သိမ်း
……………………………………………………

ရန်ကုန်၊ ဩဂုတ် – ၁၂

ရန်ကုန်တိုင်း၌ ကိုယ်စားလှယ်လောင်း လျောက်ထားသူ(၉၅၄)ယောက်မှ လျောက်လွှာပြန်လည်ရုပ်သိမ်းသူ (၃)ယောက်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ထံက အတည်ပြုပြောဆိုပါတယ်။

ကိုယ်စားလှယ်လောင်း လျောက်လွှာများ ရုပ်သိမ်းမှုအပေါ် ဩဂုတ်လ ၁၂ရက်၌ people media က ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်အေးထံ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

“ကိုယ်စားလှယ်လောင်းပြန်ရုပ်သိမ်းတာ ၃ယောက်ရှိပါတယ်။ ပါတီတော့ကျွန်တော်မမှတ်မိဘူးဗျ။ လက်ရှိ ကိုယ်စားလှယ်အာလုံးလျှောက်ထားတာတော့ ၉၅၄ယောက်ရှိပါတယ်’’ဟု၎င်းကပြောသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းများကို ဇူလိုင် ၂၀ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့အထိ တင်သွင်းနိုင်ပြီး ကိုယ်စားလှယ်လောင်း ရုပ်သိမ်းလွှာကို ဩဂုတ်လ၁ဝရက်နေ့နောက်ဆုံးထားပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြနိုင်တာလည်း ဖြစ်ပါတယ်။

အလားတူ မန္တလေးတိုင်းဒေသကြီး၌ နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ် (၅၄၃)ယောက်ရှိပြီး ကိုယ်စား လှယ်လောင်းရုပ်သိမ်းသူ(၁)ယောက်ရှိခဲ့ပါတယ်။

လာမည့်ရွေးကောက်ပွဲကို နိုဝင်ဘာ(၈)ရက်နေ့၌ ကျင်းပရန် စီစဉ်ထားပြီး မဲပေးခွင့်ရှိသူ (၃၇)သန်း ကျော်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

#PeopleMedia #2020elelction #UEC


Share this post