• Follow Us on

Home လာမည့် ရွေးကောက်ပွဲကို ထောက်ခံခြင်းမရှိသလို၊နှောက်ယှက်ရန်လည်း မရှိကြောင်း TNLA ပြောဆို


Share this post

ရန်ကုန်၊ သြဂုတ် – ၁၂




လာမည့်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ် အသီးသီး၌ နိုင်ငံရေးပါတီ(၃၂)ပါတီမှ ကိုယ်စားလှယ် လောင်း(၁၀၀၀)ကျော် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိသည်။




(unicode)
လာမည့် ရွေးကောက်ပွဲကို ထောက်ခံခြင်းမရှိသလို၊နှောက်ယှက်ရန်လည်း မရှိကြောင်း TNLA ပြောဆို
……………………………………………………

ရန်ကုန်၊ ဩဂုတ် – ၁၂

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ TNLA လှုပ်ရှားနယ်မြေများ၌ ကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ခံခြင်း မရှိသလို၊နှောက်ယှက်ရန်လည်း မရှိကြောင်း TNLA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တာဘုန်းကျော်ကပြောပါတယ်။

TNLA လှုပ်ရှားနယ်မြေများ၌ ကျင်းပမည့် ရွေးကောက်ပွဲအပေါ် TNLA ၏ ရပ်တည်ချက်နှင့် ပတ်သက်ပြီး PeopleMedia က ဆက်သွယ်မေးမြန်ရာ၌ တာဘုန်းကျော်က အထက်ပါအတိုင်း ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

“ကျွန်တော်တို့ဒေသ၊ကျွန်တော်တို့နယ်မြေမှာ ဒီ၂၀၀၈ဖွဲ့စည်းပုံအောက်ကျင်းပတဲ့ရွေးကောက်ပွဲမို့လက်မခံ ဘူး။ဒါပေမဲ့ ဒီရွေးကောက်ပွဲကို လူထုရဲ့သဘောဆန္ဒအရ ဒီမိုကရေစီနည်းအရ လူထုရဲ့သဘောဆန္ဒအတိုင်း ပဲဖြစ်တယ်။ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ထောက်လည်းထောက်ခံမှာမဟုတ်ဘူး။ဝင်ရောက် နှောင့်ယှက်မှာလည်းမဟုတ်ပါဘူး’’ဟု ၎င်းကပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ် အသီးသီး၌ နိုင်ငံရေးပါတီ(၃၂)ပါတီမှ ကိုယ်စားလှယ် လောင်း(၁၀၀၀)ကျော် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိ်သည်။

ပြီးခဲ့သည့် ကာလ၌ ရှမ်းမြောက်ဒေသ၌ တပ်မတော်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ၌ TNLA အဖွဲ့ ပိုင်ဆိုင်သည့် FN-6 လေယာဉ်ပစ် လက်နက်များ အပါအဝင် လက်နက်အများအပြားကို တပ်မတော်က သိမ်းဆည်းနိုင်ခဲ့သည်။

Photo – TNLA အဖွဲ့ပိုင်လက်နက်များကို တပ်မတော်က သိမ်းဆည်းနိုင်မှု

#PeopleMedia #TNLA #2020election


Share this post