• Follow Us on

Home ရုရှားမှ S-400 ၀ယ်ယူရန် ဆော်ဒီအာရေဗျ ဆွေးနွေးညှိနှိုင်းနေဆဲ


Share this post




Ref; http://uawire.org/


(Unicode)
ရုရှားမှ S-400 ဝယ်ယူရန် ဆော်ဒီအာရေဗျ ဆွေးနွေးညှိနှိုင်းနေဆဲ
…………………………………………………………

ရုရှားနဲ့ ဆော်ဒီအာရေဗျနိုင်ငံတို့ကြား S-400 လေကြောင်းကာကွယ်ရေးစနစ်အရောင်း အဝယ်စာချုပ်ကို ၂၀၁၇ ခုနှစ်မှာ ချုပ်ဆိုထားခဲ့ပေမယ့် ဆော်ဒီက ၄င်းတို့ကို ဝယ်ယူဖို့အတွက် ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်တယ်လို့ သိရ ပါတယ်။

ရုရှားက S-400 ကိုဝယ်ယူဖို့အတွက် စာချုပ်ချုပ်ဆိုထားပေမယ့် တရားဝင်မဖြစ်သေးဘူးလို့ ဆော်ဒီဘက်က ပြောပါတယ်။

ကနဦးမှာ ရုရှားနဲ့ ဆော်ဒီတို့ဟာ အောက်တိုဘာလထဲ S-400 ဝယ်ယူဖို့အတွက် သဘောတူထားပြီးဖြစ်တယ် လို့ သတင်းထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိတဲ့ S-400 လေကာစနစ် ဝယ် ယူဖို့အတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဆော်ဒီ ဘုရင်ဆာမန်ဘင်အဒူလာဇစ် အယ်ဆော့ဒ်တို့ တွေ့ဆုံခဲ့ စဉ် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

Ref; http://uawire.org/

#PeopleMedia #International


Share this post