• Follow Us on

Home ရဲတပ္သားကိုင္ေဆာင္သည့္ MA -13 ေသနတ္မွ က်ည္ထြက္၍ အရပ္သားတစ္ဦးထိမွန္၊ ေသနတ္ဒဏ္ရာေၾကာင့္ အရပ္သား ေဆး႐ုံေရာက္

ရဲတပ္သားကိုင္ေဆာင္သည့္ MA -13 ေသနတ္မွ က်ည္ထြက္၍ အရပ္သားတစ္ဦးထိမွန္၊ ေသနတ္ဒဏ္ရာေၾကာင့္ အရပ္သား ေဆး႐ုံေရာက္

Share this post

မႏၲေလး၊ ဇန္နဝါရီ-၂၂

မႏၲေလးၿမိဳ႕ ေအာင္ေျမသာစံၿမိဳ႕နယ္ အငွားအိမ္ယာရွိ စံပါယ္အိမ္ယာ၌ ရဲတပ္သားကိုင္ေဆာင္ သည့္ MA -13 ေသနတ္မွ က်ည္ထြက္ကာ အရပ္သားတစ္ဦးထိမွန္၍ အရပ္သား ေဆး႐ုံ ေရာက္ရွိခဲ့ပါတယ္။

ျဖစ္စဥ္မွာ ဇန္နဝါရီလ ၂၁ ရက္ေန႕ ည ၇ နာရီအခ်ိန္ခန့္၌ ရွာေဖြေရးတာဝန္က်ေသာ စည္ပင္ သာယာရဲတပ္ဖြဲ႕ မွ ရဲအုပ္ရဲေအာင္ ၊ အကူတပ္ဖြဲ႕ခြဲ မွ ရဲတပ္ၾကပ္ စိုင္းဝဏၰ ၊ ရဲတပ္သား ၿဖိဳးမင္းဟန္ ႏွင့္ အမွတ္(၉) ရဲစခန္းမွ ရဲတပ္သား ေက်ာ္ေက်ာ္ၿငိမ္းတို႔ တာဝန္ေဆာင္႐ြက္ေနစဥ္ ကိုနိုင္ထြန္း (၃၇) ႏွစ္က ရဲတပ္သား ေက်ာ္ေက်ာ္ၿငိမ္းကိုင္ေဆာင္ေသာ MA 13 အတြင္း ေသနတ္ထဲတြင္ က်ည္ရွိလားဟု ေမးျမန္းခဲ့ေၾကာင္း မႈခင္းမွတ္တမ္းမ်ား၌ ေဖာ္ျပထားပါတယ္။

ထို႔ေနာက္ ရဲတပ္သား ေက်ာ္ေက်ာ္ၿငိမ္း က က်ည္ရွိေၾကာင္း ထိုင္ေနရာမွ ထ၍ ေျပာဆိုစဥ္ ၄င္းကိုင္ေဆာင္ထားသည့္ MA 13 အတြင္းမွ က်ည္တစ္ေတာင့္ ေပါက္ထြက္ၿပီး ကိုနိုင္ထြန္း ၏ ေျခက်င္းဝတ္အား ထိမွန္ခဲ့တာလည္းျဖစ္ပါတယ္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ဒဏ္ရာရရွိခဲ့သည့္ ကိုနိုင္ထြန္း အားမႏၲေလးအေထြေထြေရာဂါ ကုေဆး႐ုံႀကီးသို႔တင္ပို႔ခဲ့ၿပီး ရဲတပ္သား ေက်ာ္ေက်ာ္ၿငိမ္း အားတိုင္းအကူတပ္ဖြဲ႕ခြဲအခ်ဳပ္ သို႔ ပို႔ေဆာင္ထားပါတယ္။

ကမ္းနားလမ္းရွိ အငွားအိမ္ယာမ်ားအနီးတြင္ မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ ဦးေဆာင္မႈျဖင့္ မူးယစ္ေဆးဝါးႏွိမ္နင္းေရးႏွင့္ လုံၿခဳံေရးအတြက္ စီမံခ်က္ေရးဆြဲ ေဆာင္႐ြက္လွ်က္ရွိပါတယ္။

ဓာတ္ပုံ – ေအာင္ေျမသာစံၿမိဳ႕နယ္ရဲတပ္ဖြဲ႕

#PeopleMedia #မႏၲေလး

[Unicode]
ရဲတပ်သားကိုင်ဆောင်သည့် MA -13 သေနတ်မှ ကျည်ထွက်၍ အရပ်သားတစ်ဦးထိမှန်၊ သေနက်ဒဏ်ရာကြောင့် အရပ်သား ဆေးရုံရောက်
……………………………………………………………………………………….

မန္တလေး၊ ဇန်နဝါရီ-၂၂

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အငှားအိမ်ယာရှိ စံပါယ်အိမ်ယာ၌ ရဲတပ်သားကိုင်ဆောင် သည့် MA -13 သေနတ်မှ ကျည်ထွက်ကာ အရပ်သားတစ်ဦးထိမှန်၍ အရပ်သား ဆေးရုံ ရောက်ရှိခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၁ ရက်နေ့ ည ၇ နာရီအချိန်ခန့်၌ ရှာဖွေရေးတာဝန်ကျသော စည်ပင် သာယာရဲတပ်ဖွဲ့ မှ ရဲအုပ်ရဲအောင် ၊ အကူတပ်ဖွဲ့ခွဲ မှ ရဲတပ်ကြပ် စိုင်းဝဏ္ဏ ၊ ရဲတပ်သား ဖြိုးမင်းဟန် နှင့် အမှတ်(၉) ရဲစခန်းမှ ရဲတပ်သား ကျော်ကျော်ငြိမ်းတို့ တာဝန်ဆောင်ရွက်နေစဉ် ကိုနိုင်ထွန်း (၃၇) နှစ်က ရဲတပ်သား ကျော်ကျော်ငြိမ်းကိုင်ဆောင်သော MA 13 အတွင်း သေနတ်ထဲတွင် ကျည်ရှိလားဟု မေးမြန်းခဲ့ကြောင်း မှုခင်းမှတ်တမ်းများ၌ ဖော်ပြထားပါတယ်။

ထို့နောက် ရဲတပ်သား ကျော်ကျော်ငြိမ်း က ကျည်ရှိကြောင်း ထိုင်နေရာမှ ထ၍ ပြောဆိုစဉ် ၄င်းကိုင်ဆောင်ထားသည့် MA 13 အတွင်းမှ ကျည်တစ်တောင့် ပေါက်ထွက်ပြီး ကိုနိုင်ထွန်း ၏ ခြေကျင်းဝတ်အား ထိမှန်ခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒဏ်ရာရရှိခဲ့သည့် ကိုနိုင်ထွန်း အားမန္တလေးအထွေထွေရောဂါ ကုဆေးရုံကြီးသို့တင်ပို့ခဲ့ပြီး ရဲတပ်သား ကျော်ကျော်ငြိမ်း အားတိုင်းအကူတပ်ဖွဲ့ခွဲအချုပ် သို့ ပို့ဆောင်ထားပါတယ်။

ကမ်းနားလမ်းရှိ အငှားအိမ်ယာများအနီးတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးနှင့် လုံခြုံရေးအတွက် စီမံချက်ရေးဆွဲ ဆောင်ရွက်လျှက်ရှိပါတယ်။

ဓာတ်ပုံ – အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့

#PeopleMedia #မန္တလေး


Share this post