• Follow Us on

Home ရဲအရာ႐ွိမ်ားက ေနာက္ေက်ာမွေသနတ္ျဖင့္ပစ္ခတ္သျဖင့္ ေအာက္ပိုင္းေသသြားသည့္လူမည္းအမ်ိဳးသားကို ဒီမိုကရတ္ပါတီသမၼတေလာင္း ဖုန္းဆက္အားေပး

ရဲအရာ႐ွိမ်ားက ေနာက္ေက်ာမွေသနတ္ျဖင့္ပစ္ခတ္သျဖင့္ ေအာက္ပိုင္းေသသြားသည့္လူမည္းအမ်ိဳးသားကို ဒီမိုကရတ္ပါတီသမၼတေလာင္း ဖုန္းဆက္အားေပး

Share this post

ကီႏို႐ွာ၊ စက္တင္ဘာ ၄

၀စၥကြန္ဆင္ျပည္နယ္၊ ကီႏို႐ွာၿမိဳ႕တြင္ ရဲမ်ားကေနာက္ေက်ာကိုပစ္ခတ္သျဖင့္ ေအာက္ပိုင္းေသခဲ့သည့္လူ မည္းအမ်ိဳးသား ဂ်က္ေကာ့ ဘလိတ္ကို အေမရိကန္ဒီမိုကရတ္သမၼတေလာင္း ဂ်ိဳး ဘိုင္ဒန္က ဖုန္းမွတဆင့္စကားေျပာခဲ့သည္။

ဘလိတ္ပစ္ခတ္ခံရၿပီးေနာက္ ဆႏၵျပမႈမ်ားျဖစ္ေပၚလာသည္။ လမ္းျပန္ေလွ်ာက္ႏိုင္သည္ျဖစ္ေစ၊ မေလွ်ာက္ႏိုင္ ေတာ့သည္ျဖစ္ေစ ဘ၀ကိုအ႐ွံုးေပးသြားမည္မဟုတ္ဟု ေဆး႐ံုတြင္မလႈပ္႐ွားႏိုင္ေသးသည့္မစၥတာ ဘလိတ္ကေျပာသည္။

အေမရိကန္သမၼတေဒၚနယ္ ထရမ့္က အဂၤါေန႔တြင္ ကီႏို႐ွာၿမိဳ႕သို႔သြားေရာက္ခဲ့သည္။

အေမရိကန္ေခါင္းေဆာင္က ရဲမ်ားကိုေထာက္ခံေၾကာင္းသတင္းစကားမ်ားေျပာခဲ့ၿပီး အၾကမ္းဖက္ဆႏၵျပ မႈမ်ားေၾကာင့္ ထိခိုက္ခဲ့သည့္ေနရာမ်ားကိုလည္း သြားေရာက္ၾကည့္႐ွဳစစ္ေဆးခဲ့သည္။

ဘလိတ္၏မိသားစုမ်ားက ေ႐ွ႕ေနေ႐ွ႕ေမွာက္တြင္ေတြ႕ဆံုလိုေၾကာင္းေျပာသျဖင့္ မေတြ႕ဆံုခဲ့ဟုလည္း သမၼတကေျပာသည္။

၀စၥကိုဆင္သည္ လာမည့္အေမရိကန္သမၼတေ႐ြးေကာက္ပြဲအတြက္ အေရးႀကီးသည့္ျပည္နယ္တစ္ခုျဖစ္သည္။

သမၼတေလာင္း ထရမ့္ သို႔မဟုတ္ သမၼတေလာင္းဘိုင္ဒန္ ၂ ေယာက္စလံုး ျပည္နယ္သို႔မလာေစခ်င္ေၾကာင္း ၀စၥကိုဆင္ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး တိုနီအဲဗားစ္ကေျပာသည္။

Ref : Jacob Blake: Joe Biden speaks with shot black man on Wisconsin visit

#PeopleMedia

(unicode)
ရဲအရာရှိများက နောက်ကျောမှသေနတ်ဖြင့်ပစ်ခတ်သဖြင့် အောက်ပိုင်းသေသွားသည့်လူမည်းအမျိုးသားကို ဒီမိုကရတ်ပါတီသမ္မတလောင်း ဖုန်းဆက်အားပေး
…………………………………………………

ကီနိုရှာ၊ စက်တင်ဘာ ၄

ဝစ္စကွန်ဆင်ပြည်နယ်၊ ကီနိုရှာမြို့တွင် ရဲများကနောက်ကျောကိုပစ်ခတ်သဖြင့် အောက်ပိုင်းသေခဲ့သည့်လူ မည်းအမျိုးသား ဂျက်ကော့ ဘလိတ်ကို အမေရိကန်ဒီမိုကရတ်သမ္မတလောင်း ဂျိုး ဘိုင်ဒန်က ဖုန်းမှတဆင့်စကားပြောခဲ့သည်။

ဘလိတ်ပစ်ခတ်ခံရပြီးနောက် ဆန္ဒပြမှုများဖြစ်ပေါ်လာသည်။ လမ်းပြန်လျှောက်နိုင်သည်ဖြစ်စေ၊ မလျှောက်နိုင် တော့သည်ဖြစ်စေ ဘဝကိုအရှုံးပေးသွားမည်မဟုတ်ဟု ဆေးရုံတွင်မလှုပ်ရှားနိုင်သေးသည့်မစ္စတာ ဘလိတ်ကပြောသည်။

အမေရိကန်သမ္မတဒေါ်နယ် ထရမ့်က အင်္ဂါနေ့တွင် ကီနိုရှာမြို့သို့သွားရောက်ခဲ့သည်။

အမေရိကန်ခေါင်းဆောင်က ရဲများကိုထောက်ခံကြောင်းသတင်းစကားများပြောခဲ့ပြီး အကြမ်းဖက်ဆန္ဒပြ မှုများကြောင့် ထိခိုက်ခဲ့သည့်နေရာများကိုလည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဘလိတ်၏မိသားစုများက ရှေ့နေရှေ့မှောက်တွင်တွေ့ဆုံလိုကြောင်းပြောသဖြင့် မတွေ့ဆုံခဲ့ဟုလည်း သမ္မတကပြောသည်။

ဝစ္စကိုဆင်သည် လာမည့်အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် အရေးကြီးသည့်ပြည်နယ်တစ်ခုဖြစ်သည်။

သမ္မတလောင်း ထရမ့် သို့မဟုတ် သမ္မတလောင်းဘိုင်ဒန် ၂ ယောက်စလုံး ပြည်နယ်သို့မလာစေချင်ကြောင်း ဝစ္စကိုဆင်ပြည်နယ်အုပ်ချုပ်ရေးမှူး တိုနီအဲဗားစ်ကပြောသည်။

Ref : Jacob Blake: Joe Biden speaks with shot black man on Wisconsin visit

#PeopleMedia


Share this post