• Follow Us on

Home လပြတၱာ ၿမိဳ႕နယ္တရား႐ုံး၌ဘီလစ္စာေရးတစ္ဦး ႀကိဳးဆြဲခ် ေသဆုံး

လပြတၱာ ၿမိဳ႕နယ္တရား႐ုံး၌ဘီလစ္စာေရးတစ္ဦး ႀကိဳးဆြဲခ် ေသဆုံး

Share this post

စိုးျမင့္စိုး

ပုသိမ္

၂၀၂၀၊ ေဖေဖာ္ဝါရီလ ၁၀

ဧရာဝတီတိုင္းေဒသႀကီး ၊လပြတၱာၿမိဳ႕ ၿမိဳ႕နယ္တရား႐ုံးအတြင္းရွိ ဘီလစ္စာေရး႐ုံးခန္းတြင္ ​ၿမိဳ႕နယ္တရား႐ုံးဝန္ထမ္း ဘီလစ္စာေရးႀကီး ဦးတင္ကိုေမာင္သည္ ေဖေဖာ္ယမာန္‌ေန႔ ည ၈ နာရီခန္႔က ႀကိဳးဆြဲခ်ေသဆုံးေနေၾကာင္း တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴး႐ုံးမွသိရသည္။

ေသဆုံးသူ ဘီလစ္စာေရး ဦးတင္ကိုေမာင္သည္ လပြတၱာၿမိဳ႕ အမွတ္(၁၀)ရပ္ကြက္ မင္းရဲေက်ာ္စြာလမ္းတြင္ေနထိုင္သူျဖစ္ေၾကာင္း အမွတ္(၅)ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမွ ရဲစခန္းသို႔လာေရာက္အေၾကာင္းၾကားခဲ့သျဖင့္ သက္ေသမ်ားႏွင့္အတူသြားေရာက္စစ္ေဆးခဲ့ရာ ႐ုံးခန္းအတြင္း ကိုးေပခန္႔အျမင့္ရွိ ထုတ္တန္းတြင္ လက္သန္းလုံးခန္႔ ပလတ္စတစ္ႀကိဳးျဖင့္ႀကိဳးဆြဲခ် ေသဆုံးေနသည္ကိုေတြ႕ရွိရျခင္းျဖစ္ေၾကာင္း တိုင္းရဲတပ္ဖြဲ႕မွဴး႐ုံးမွ ဒုရဲမွဴးႀကီး ထြန္းေရႊကေျပာသည္။

“ေသဆုံးသူကိုစစ္ေဆးၾကည့္ေတာ့ လည္ပင္းမွာႀကိဳးကြင္းရာနဲ႔ ေယာက္က်ားတန္ဆာမွာသုတ္ရည္ထြက္ေနတယ္ တစ္ျခားျပင္ပဒဏ္ရာမေတြ႕ရဘူး” ဟု ၄င္းကေျပာသည္။

စတင္ေတြ႕ရွိသူမွာ ေသဆုံးသူ၏ဇနီးျဖစ္ေၾကာင္း ၊အိမ္ျပန္မလာသျဖင့္ ႐ုံးခန္းသို႔လိုက္သြားရာမွ ေတြ႕ရွိျခင္းျဖစ္ေၾကာင္းေန႔လည္ ၂ နာရီခန္႔က အလုပ္ရွိသည္ဟု ေျပာကာ တရား႐ုံးသို႔ထြက္သြားျခင္းျဖစ္ေၾကာင္းႏွင့္ ည ၇ နာရီခန္႔တြင္ ဖုန္းဆက္ေသာ္လည္းမကိုင္ေၾကာင္း (၈)နာရီခန္႔တြင္႐ုံးသို႔လိုက္သြားရာမွေတြ႕ရွိျခင္းျဖစ္ေၾကာင္းရဲမွတ္တမ္းအရသိရသည္။

ဘီလစ္စာေရးေသဆုံးမႈကိုလပြတၱာၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္(၂/၂၀၂၀)ျဖင့္ အမွဴေရးဖြင့္ကာ
အေလာင္ကို (၃)မိုင္ၿမိဳ႕သစ္ျပည္သူ့ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္စစ္ေဆးေနေၾကာင္း တိုင္းရဲတပ္ဖြဲ႕မွဴး႐ုံးမွသိရသည္။

စိုးျမင့္စိုး

#peoplemedia

(unicode)
လပွတ္တာ မြို့နယ်တရားရုံး၌ဘီလစ်စာရေးတစ်ဦး ကြိုးဆွဲချ သေဆုံး
………………………………………………………………

စိုးမြင့်စိုး

ပုသိမ်

၂၀၂၀၊ ဖေဖော်ဝါရီလ ၁၀

ဧရာဝတီတိုင်းဒေသကြီး ၊လပွတ္တာမြို့ မြို့နယ်တရားရုံးအတွင်းရှိ ဘီလစ်စာရေးရုံးခန်းတွင် ​မြို့နယ်တရားရုံးဝန်ထမ်း ဘီလစ်စာရေးကြီး ဦးတင်ကိုမောင်သည် ဖေဖော်ယမာန်‌နေ့ ည ၈ နာရီခန့်က ကြိုးဆွဲချသေဆုံးနေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

သေဆုံးသူ ဘီလစ်စာရေး ဦးတင်ကိုမောင်သည် လပွတ္တာမြို့ အမှတ်(၁၀)ရပ်ကွက် မင်းရဲကျော်စွာလမ်းတွင်နေထိုင်သူဖြစ်ကြောင်း အမှတ်(၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ရဲစခန်းသို့လာရောက်အကြောင်းကြားခဲ့သဖြင့် သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့ရာ ရုံးခန်းအတွင်း ကိုးပေခန့်အမြင့်ရှိ ထုတ်တန်းတွင် လက်သန်းလုံးခန့် ပလတ်စတစ်ကြိုးဖြင့်ကြိုးဆွဲချ သေဆုံးနေသည်ကိုတွေ့ရှိရခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ထွန်းရွှေကပြောသည်။

“သေဆုံးသူကိုစစ်ဆေးကြည့်တော့ လည်ပင်းမှာကြိုးကွင်းရာနဲ့ ယောက်ျားတန်ဆာမှာသုတ်ရည်ထွက်နေတယ် တစ်ခြားပြင်ပဒဏ်ရာမတွေ့ရဘူး” ဟု ၄င်းကပြောသည်။

စတင်တွေ့ရှိသူမှာ သေဆုံးသူ၏ဇနီးဖြစ်ကြောင်း ၊အိမ်ပြန်မလာသဖြင့် ရုံးခန်းသို့လိုက်သွားရာမှ တွေ့ရှိခြင်းဖြစ်ကြောင်းနေ့လည် ၂ နာရီခန့်က အလုပ်ရှိသည်ဟု ပြောကာ တရားရုံးသို့ထွက်သွားခြင်းဖြစ်ကြောင်းနှင့် ည ၇ နာရီခန့်တွင် ဖုန်းဆက်သော်လည်းမကိုင်ကြောင်း (၈)နာရီခန့်တွင်ရုံးသို့လိုက်သွားရာမှတွေ့ရှိခြင်းဖြစ်ကြောင်းရဲမှတ်တမ်းအရသိရသည်။

ဘီလစ်စာရေးသေဆုံးမှုကိုလပွတ္တာမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်(၂/၂၀၂၀)ဖြင့် အမှူရေးဖွင့်ကာ
အလောင်ကို (၃)မိုင်မြို့သစ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးနေကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

စိုးမြင့်စိုး

#peoplemedia


Share this post