• Follow Us on

Home လယ်ယာမြေများ၌ ခွင့်ပြုချက်မရှိဘဲ ကျူးလွန်အသုံးပြုမှုများကို ထိရောက်စွာတားမြစ်အရေးယူရန် မကွေးတိုင်း ဝန်ကြီးချုပ် ပြောကြား

လယ်ယာမြေများ၌ ခွင့်ပြုချက်မရှိဘဲ ကျူးလွန်အသုံးပြုမှုများကို ထိရောက်စွာတားမြစ်အရေးယူရန် မကွေးတိုင်း ဝန်ကြီးချုပ် ပြောကြား

Share this post

မကွေး၊ မတ် ၁၂

 

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ လယ်ယာမြေများတွင် ခွင့်ပြုချက်မရှိဘဲ ကျူးလွန်အသုံးပြုမှု များကို ထိရောက်စွာ တားမြစ်အရေးယူဆောင်ရွက်ရန် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ပြောကြားလိုက်သည်။

 

မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ရာ ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တွေ ဥပဒေနဲ့အညီ လယ်ယာမြေ အခြားနည်း အသုံးပြုခွင့်ရရှိဖို့ လျှောက်ထားမှုတွေရှိသလို ခွင့်ပြုချက်မရှိဘဲ အခြားနည်း ကျူးလွန်အသုံးပြုနေမှုတွေလည်း ရှိနေတာ စိစစ်တွေ့ရှိရတယ်။ ခွင့်ပြုချက်မရှိဘဲ ကျူးလွန်အသုံးပြုမှုတွေကို သေချာစွာ စာရင်းကောက်ပြုစုပြီး မှတ်တမ်းတင်ထားရှိဖို့နဲ့ ထိရောက်စွာ တားမြစ်အရေးယူဆောင်ရွက်ဖို့လည်း လိုအပ်မှာဖြစ်တယ်” ဟု မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ပြောသည်

 

လယ်ယာမြေအားခွင့်ပြုချက်မရှိဘဲ အခြားနည်း ကျူးလွန်အသုံးပြုမှုများ ထပ်မံတိုးချဲ့ဆောင်ရွက်မှုမရှိအောင် ဝိုင်းဝန်းထိန်းသိမ်းသွားကြရန်နှင့် တည်ဆဲလယ်ယာ မြေဥပေဒများနှင့်အညီ စိစစ်ဆောင်ရွက်သွားကြရန်လည်း လိုအပ်ကြောင်း၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အနေဖြင့် လယ်ယာမြေစီမံခန့်ခွဲမှုကိစ္စရပ်များကို ဆောင်ရွက်ရာမှာ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် လယ်ယာကဏ္ဍကို အခြေခံသည့် ကုန်ထုတ်လုပ်မှု တိုးတက်ရေးတို့ကို ရှေ့ရှု၍ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက် များနှင့်အညီ ဆက်စပ်ပတ်သက်သည့် ဌာန အဖွဲ့အစည်းအားလုံးနှင့် ချိပ်ဆက်ပြီး အောင်မြင်မှုရရှိအောင် ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်ကြရန် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ပြောကြားခဲ့သည်။

 

(unicode)


………………………………

 


 


 


 


 



Share this post