• Follow Us on

Home လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၌ ဆေးခန်းတစ်ခုတွင်လုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခံရ ပြီး သေဆုံး

လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၌ ဆေးခန်းတစ်ခုတွင်လုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခံရ ပြီး သေဆုံး

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၅ (People Media)

 

လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ (၇)ရပ်ကွက်၊ တေးဥယျာဉ်လမ်းမကြီးရှိ ဆေးခန်းတစ်ခုတွင် လုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးသည် ယနေ့ နံနက်ပိုင်းကသေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားကြောင်း သိရသည်။

 

“အပစ်ခံရတဲ့ အမျိုးသမီးက ဆေးခန်းကပါပဲ။ ဆေးခန်းက ဝန်ထမ်းပါ။ ဆေးခန်းထဲမှာ ရှိနေတုန်း ဆိုင်ကယ် သမားတွေက ဝင်ပစ်သွားတာ” လို့ ဒေသခံတစ်ဦးကပြောဆိုသည်။

 

ထိုသို့ ပစ်ခတ်ခံရခြင်းကြောင့် အထက်ပါ အမျိုးသမီးမှာ ဝမ်းဗိုက်နှင့် နောက်ကျောတွင် သေနတ်ဒဏ်ရာများ ရရှိခဲ့သဖြင့် လှိုင်သာယာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးသွားကြောင်း သိရသည်။

 

ယနေ့ မနက်ပိုင်း ၈ နာရီကျော်အချိန်ခန့်ကလည်း အထက(၂) ဒဂုံအရှေ့ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ် လှလှသန်းသည် မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းနှင့် နွယ်နီလမ်းထောင့်တွင် သေနတ်ဖြင့်ပစ်ခံခဲ့ရ၍ သေ ဆုံးခဲ့သည်။

 

#PeopleMedia #လှိုင်သာယာ

 

(unicode)


…………………………………………………

 


 


 


 


 


 



Share this post