• Follow Us on

Home လူမှုကူညီရေးဆောင်ရွက်နေသည့် လိုင်စင်မဲ့ယာဉ် ဖမ်းဆီးခံရပြီးနောက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ချုပ်(မုံရွာ)မှ နယ်‌‌ဝေးလမ်းကြောင်းများအား အကန့်အသတ်မရှိ ရပ်နား

လူမှုကူညီရေးဆောင်ရွက်နေသည့် လိုင်စင်မဲ့ယာဉ် ဖမ်းဆီးခံရပြီးနောက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ချုပ်(မုံရွာ)မှ နယ်‌‌ဝေးလမ်းကြောင်းများအား အကန့်အသတ်မရှိ ရပ်နား

Share this post

မုံရွာ၊ ဒီဇင်ဘာ ၁၃ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်သည် လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေအရ နယ်‌‌ဝေးလမ်းကြောင်းများကို ရက်အကန့်အသတ်မရှိ ရပ်နားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ ထုတ်ပြန်လိုက်သည်။

 

“ကျွန်တော်တို့ အသွားတုန်းက လူနာပါတယ်။ ရွှေဘိုတပ်တစ်ခုထဲကို ပို့ရတာ။ ပို့ပြီးတော့ မြဝတီမှာ ရုံးချုပ် အစည်းအဝေးဝင်တက်ပြီး အပြန်မှာ လိုင်စင်မပါလို့ ဆိုပြီး ဖမ်းခံလိုက်ရတယ်။ အဲ့ဒါကြောင့် နယ်ဝေးလမ်း ကြောင်းတွေ အကုန်လုံး ရပ်လိုက်တာ။ မြို့တွင်းလမ်းကြောင်းတွေကတော့ ထွက်ပါတယ်” ဟု ယင်းအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကိုကိုက ပြောသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချူပ်မှ မြဝတီမှ မုံရွာမြို့သို့ အပြန် သံလွင်တံတားအရောက်တွင် ယာဉ်လိုင်စင်မရှိ၍ ဖမ်းဆီးခံခဲ့ရကြောင်း၊ သို့ဖြစ်၍ နယ်ဝေးလမ်းကြောင်းများအား အကန့်သတ်မရှိ ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

 

မိမိတို့အဖွဲ့မှာ စတင်တည်ထောင်လာစဉ်ကထဲက မော်တော်ယာဉ်လိုင်စင်ပေးခြင်းမရှိခဲ့သဖြင့် ယခုလက်ရှိ အသုံးပြုနေသော မော်တော်ယာဉ်များသည် လိုင်စင်မဲ့(Ambulance)မော်တော်ယာဉ်များသာဖြစ်ကြောင်း၊ ယခု အခါ မိမိတို့အဖွဲ့မှာ လိုင်စင်မဲ့(Ambulance) မော်တော်ယာဉ်တစ်စီး သိမ်းခံခဲ့ရကြောင်း သို့ဖြစ်သောကြောင့်   နယ်‌‌ဝေး လူနာ၊ နာရေးလမ်းကြောင်းများအား  ရက်အကန့်အသတ်မရှိ ရပ်နားခြင်းဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

 

မြို့တွင်းလမ်းကြောင်းများလဲ သက်ဆိုင်ရာများမှ တရားဝင် ထုတ်ပြန်လာပါက ရပ်နားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်(မုံရွာ)မှ ထုတ်ပြန်ထားသည်။

 

#PeopleMedia #လူမှုကူညီရေး

 

(unicode)


……………………………………………………….

 


 


 


 


 


 


 



Share this post