• Follow Us on

Home လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်း၏ ဇနီးဒေါ်ခင်စန္ဒာဝင်း CDM ဝန်ထမ်းများနှင့် PDF အဖွဲ့များကို ထောက်ပံ့ မှုကြောင့် ဖမ်းဆီးခံရ

လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်း၏ ဇနီးဒေါ်ခင်စန္ဒာဝင်း CDM ဝန်ထမ်းများနှင့် PDF အဖွဲ့များကို ထောက်ပံ့ မှုကြောင့် ဖမ်းဆီးခံရ

Share this post

နေပြည်တော်၊ သြဂုတ် ၂၇ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်း၏ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာဝင်း PDF အဖွဲ့များကို ထောက်ပံ့မှုကြောင့် သြဂုတ်လ ၂၅ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း န.စ.က မှ သြဂုတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

CDM ဝန်ထမ်းများနှင့် PDF အဖွဲ့များထံ ငွေကြေး၊ ရိက္ခာနှင့် လက်နက်ခဲယမ်းထောက်ပံ့ပေးသူများအား ဖမ်းဆီး ရာတွင် ဆက်စပ်မှုအရ ၎င်းကို ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ လှိုင်မြစ်လမ်းရှိ ဗဟိုအကျဉ်းထောင်(အင်းစိန်)အနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

ထို့အပြင် သြဂုတ် ၂၁ ရက်နေ့တွင် တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ တရားရုံးလမ်းရှိနေအိမ်သို့ သတင်းအရ ဝင်ရောက်ရှာဖွေရာတွင် ခင်မြတ်သူ (NLD ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)အပါအဝင် ကို ထိန်ဝင်း၊ မအေးမင်းစိုး၊ မအေးသူဇာ၊ ကိုဇော်လင်းတို့ ငါးဦးကို ဆန်၊ ရိက္ခာပစ္စည်း ၁၃ မျိုး၊ ဆေးပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြပါရှိသည်။

 

ဆက်လက်ပြီး ဖမ်းဆီးရမိခဲ့သူ ကိုထိန်ဝင်း၏ထွက်ဆိုချက်အရ သြဂုတ် ၂၂ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ အမှတ်(၃၃၀/ခ)တိုက်ခန်းသို့ သွားရောက်ရှာဖွေရာ လက်လုပ်အသံ မိုင်း ၃၅ လုံး၊ လက်လုပ်မီးခိုးမိုင်း ၂၈ လုံး၊ လက်လုပ်ယမ်းလုံး(အသေး) ၁ ထုပ်နှင့် လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသော အခြားဆက်စပ်ပစ္စည်းများ၊ လက်ပံတန်းဂျီတီအိုင် ကျောင်းသားများသပိတ်စစ်ကြောင်းစာသားပါ ဗီနိုင်းတို့ကို သိမ်းဆည်းရမိခဲ့သည်ဟုလည်း သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

 

ယင်းနောက်ဆက်စပ်သူများဖြစ်သည့် ဒေါ်ခင်စန္ဒာဝင်းနှင့်အတူ မင်္ဂလာဒုံမြို့နယ်နေ စံပယ်၊ ထောက်ကြန့်မြို့နေ ထွန်းထွန်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းနေ ဥမ္မာခင်၊ ဒဂုံမြို့သစ်တောင်ပိုင်းနေ အေးငြိမ်းမိုးနှင့် အောင်သူထက်တို့ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

အလားတူ NUG နှင့်ဆက်သွယ်၍ CDM ဝန်ထမ်းများ၊ PDF အဖွဲ့များထံသို့ ငွေကြေး၊ ရိက္ခာ၊ လက်နက်ခဲယမ်း ထောက်ပံ့သူများအား ဥပဒေအရထိရောက်စွာအရေးယူသွားမည်ဖြစ်ပြီး အခြားဆက်စပ်တရားခံများအား အမြန် ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှုများကို သက်ဆိုင်ရာသို့ လျှို့ဝှက် စွာသတင်းပေးတိုင်ကြားကြရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ကြေညာထားသည်။

 

#PeopleMedia #လူမှုရေးဝန်ကြီး #နိုင်ငံလင်း

 

(unicode)


…………………………………………………………………..

 


 


 


 


 


 


 


 



Share this post