• Follow Us on

Home လူ ၇ ဦးသေဆုံးခဲ့သော အိန္ဒိယရဟတ်ယာဉ်ပစ်ချခံရမှု အချင်းချင်းမှားပစ်မိခြင်းဟု အိန္ဒိယလေတပ်အကြီးအကဲအတည်ပြု

လူ ၇ ဦးသေဆုံးခဲ့သော အိန္ဒိယရဟတ်ယာဉ်ပစ်ချခံရမှု အချင်းချင်းမှားပစ်မိခြင်းဟု အိန္ဒိယလေတပ်အကြီးအကဲအတည်ပြု

Share this post

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကတ်ရှ်မီးယားဒေသဝေဟင်မှာ ပါကစ္စတန်နဲ့ အခြေအနေ တင်းမာမှုဖြစ်ပွား ခဲ့ရာမှာ အိန္ဒိယ ရဟတ်ယာဉ်တစ်စီးပစ်ချခံခဲ့ရပြီး အိန္ဒိယက ကိုယ့်ရဲ့ ရဟတ်ယာဉ်ကို ကိုယ်တိုင်ပစ်ချ မိခဲ့တာလို့ နယူးဒေလီ လေတပ်အကြီးအကဲက အတည်ပြုပြောကြားလိုက်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အသစ်ခန့်အပ်ခံထားရတဲ့ လေတပ်အကြီးအကဲဖြစ်သူ မာရှယ် ရက်ကစ်ရှ်က အောက်တိုဘာ ၄ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ စုံစမ်းစစ်ဆေးမှုတွေကို အခုလို အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။

အိန္ဒိယလေတပ်ရဲ့ Mi-17 V5 ကို အချင်းချင်းမှားပစ်ချခဲ့မိတဲ့အတွက် ရဟတ်ယာဉ်ပေါ်လိုက်ပါခဲ့သူ တပ်ဖွဲ့ဝင် ၅ ဦးနဲ့ မြေပြင်မှာရှိနေတဲ့ အရပ်သားတစ်ဦးသေဆုံးခဲ့ရပါတယ်။ အိန္ဒိယလေတပ် ရဟတ် ယာဉ်ဟာ ပါကစ္စတန်ပိုင်နက်က အကြမ်းဖက်စခန်းတစ်ခုကို ချေမှုန်းခဲ့ပြီး အပြန်မှာ ပါကစ္စတန် တိုက်လေယာဉ်တစ်စီးက အနောက်က လိုက်ပါခဲ့တာဖြစ်ပါတယ်။ အိန္ဒိယဘက်က ပါကစ္စတန် တိုက်လေယာဉ်ကို ပစ်ချဖို့ ကြိုးစားခဲ့ရာမှာ ရန်သူ-မိတ်ဆွေခွဲခြားတဲ့ စနစ်ကို ပိတ်ထားမိတဲ့ အတွက် ကိုယ့်ရဟတ်ယာဉ်ကို မှားပစ်ချမိခဲ့တာဖြစ်ပါတယ်။

အခုလို မှားယွင်းလွဲချော်မှုအတွက်တာဝန်ရှိသူတွေကို အရေးယူထားပြီးဖြစ်တယ်လို့ ရက်ကစ်ရှ်က သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။

Ref;RT


Share this post