• Follow Us on

Home သက္လုံမေကာင္းဘဲ အေဝးကြင္းမကန္ဟု ပန္းတေနာ္ၿမိဳ႕ ျပည္သူ႔ လႊတ္ေတာ္ကုိယ္စားလွယ္အျဖစ္ ဝင္ၿပိဳင္မည့္ KNU ေခါင္းေဆာင္ ပဒုိမန္းၿငိမ္းေမာင္ ေျပာဆုိ

သက္လုံမေကာင္းဘဲ အေဝးကြင္းမကန္ဟု ပန္းတေနာ္ၿမိဳ႕ ျပည္သူ႔ လႊတ္ေတာ္ကုိယ္စားလွယ္အျဖစ္ ဝင္ၿပိဳင္မည့္ KNU ေခါင္းေဆာင္ ပဒုိမန္းၿငိမ္းေမာင္ ေျပာဆုိ

Share this post

ရန္ကုန္၊ ဇူလိုင္ ၂၄

သက္လုံမေကာင္းဘဲ အေဝးကြင္းမကန္ဟု ပန္းတေနာ္ၿမိဳ႕ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္အျဖစ္ဝင္ၿပိဳင္မည့္ KNU ေခါင္းေဆာင္ ပဒုိမန္းၿငိမ္းေမာင္ ေျပာဆုိက ေျပာပါတယ္။

၂၀၂၀ ေရြးေကာက္ပြဲ၌ ဧရာ၀တီတိုင္းေဒသႀကီး ပန္းတေနာ္မဲဆႏၵနယ္တြင္ တစ္သီးပုဂၢအျဖစ္ KNU ေခါင္း ေဆာင္ ပဒုိမန္းၿငိမ္းေမာင္က ဝင္ေရာက္ယွဥ္ၿပိဳင္မွာလည္း ျဖစ္ပါတယ္။

ဇူလိုင္ ၂၄ ရက္၌ PEOPLE MEDIA က လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ ၀င္ေရာက္ယွဥ္ၿပဳိင္မည့္ ကိစၥ ရပ္ႏွင့္ပတ္သက္၍ ဆက္သြယ္ေမးျမန္းရာ၌ ပဒုိမန္းၿငိမ္းေမာင္က အထက္ပါအတုိင္း ေျပာဆုိခဲ့ျခင္းျဖစ္ပါတယ္။

“ေလာေလာဆယ္တစ္သီးပုဂၢလအျဖစ္ပဲ ၀င္ၿပဳိင္ဖို႔စဥ္းစားထားပါတယ္။ ကၽြန္ေတာ့္ဇာတိၿမိဳ႕နယ္မွာဘဲ ကြ်န္ ေတာ္၀င္ခ်င္တယ္။ ကြ်န္ေတာ္၀င္ခ်င္တဲ့ရည္ရြယ္ခ်က္ကေတာ့ဗ်ာ ကြ်န္ေတာ္ကၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြမွာ ထဲထဲ၀င္၀င္ပါ၀င္ခဲ့ေတာ့ တိုင္းရင္းသားေတြ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္နဲ႔ပတ္သက္လို႔ ပိုၿပီးေတာ့ အလုပ္အေကြ်း ျပဳႏိုင္မယ္လို႔ယုံၾကည္တယ္။ ေရြးေကာက္ပြဲႏိုင္မွာလားဆိုေတာ့ ေျပာျပမယ္။ ကြ်န္ေတာ္အိမ္ကြင္းက ကရင္က ေန အခုလာကစားတာ အေ၀းကြင္းကိုလာကစားတာ။ ေဘာလုံးသမားစကားနဲ႔ေျပာရရင္ သက္လုံမေကာင္းဘဲ မကန္ႏိုင္ဘဲ ကြ်န္ေတာ္လာမကစားဘူး”ဟု ၎ကေျပာပါတယ္။

အလားတူ ေရြးေကာက္ပြဲဝင္ရန္ စီစဥ္မႈေၾကာင့္ KNU ဗဟုိအလုပ္အမႈေဆာင္တာဝန္မွ ႏႈတ္ထြက္ထားေၾကာင္း ၎က ဆုိပါတယ္။

“ကြ်န္ေတာ္တကယ္လို႔သာ လႊတ္ေတာ္ထဲမွာ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ေယာက္ျဖစ္လို႔ရွိရင္ ကြ်န္ေတာ့္ တိုင္းရင္းသားေတြအတြက္ ကြ်န္ေတာ္အမ်ားႀကီး သူတို႔ရဲ႕အက်ိဳးအတြက္ သူတို႔ရဲ႕ေရွ႕ေရးအတြက္ ေဆာင္ရြက္ ေပးႏိုင္ဖို႔ယုံၾကည္တယ္။ ေနာက္တစ္ခုက ဧရာ၀တီတိုင္းမွာ ကရင္ေတြဗမာေတြအားလုံးစုေပါင္းေနထိုင္ၾကတဲ့ အခါ လူမ်ိဳးစုံျဖစ္တဲ့အတြက္ ကရင္-ဗမာခ်စ္ၾကည္ေရးကို ပိုထမ္းေဆာင္ႏိုင္မယ္လို႔ ကြ်န္ေတာ္ယုံၾကည္တယ္”ဟု ပဒိုမန္းၿငိမ္းေမာင္ကထပ္မံေျပာသည္။

Photo – ကရင္အမ်ိဳးသားမီဒီယာ

#PeopleMedia #KNU #2020election #ပဒုိမန္းၿငိမ္းေမာင္

(unicode)
သက်လုံမကောင်းဘဲ အဝေးကွင်းမကန်ဟု ပန်းတနော်မြို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်မည့် KNU ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင် ပြောဆို
……………………………………………………………

ရန်ကုန်၊ ဇူလိုင် ၂၄

သက်လုံမကောင်းဘဲ အဝေးကွင်းမကန်ဟု ပန်းတနော်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ပြိုင်မည့် KNU ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင် ပြောဆိုက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ၌ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂအဖြစ် KNU ခေါင်း ဆောင် ပဒိုမန်းငြိမ်းမောင်က ဝင်ရောက်ယှဉ်ပြိုင်မှာလည်း ဖြစ်ပါတယ်။

ဇူလိုင် ၂၄ ရက်၌ PEOPLE MEDIA က လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိစ္စ ရပ်နှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ၌ ပဒိုမန်းငြိမ်းမောင်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။

“လောလောဆယ်တစ်သီးပုဂ္ဂလအဖြစ်ပဲ ဝင်ပြိုင်ဖို့စဉ်းစားထားပါတယ်။ ကျွန်တော့်ဇာတိမြို့နယ်မှာဘဲ ကျွန် တော်ဝင်ချင်တယ်။ ကျွန်တော်ဝင်ချင်တဲ့ရည်ရွယ်ချက်ကတော့ဗျာ ကျွန်တော်ကငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့တော့ တိုင်းရင်းသားတွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်လို့ ပိုပြီးတော့ အလုပ်အကျွေး ပြုနိုင်မယ်လို့ယုံကြည်တယ်။ ရွေးကောက်ပွဲနိုင်မှာလားဆိုတော့ ပြောပြမယ်။ ကျွန်တော်အိမ်ကွင်းက ကရင်က နေ အခုလာကစားတာ အဝေးကွင်းကိုလာကစားတာ။ ဘောလုံးသမားစကားနဲ့ပြောရရင် သက်လုံမကောင်းဘဲ မကန်နိုင်ဘဲ ကျွန်တော်လာမကစားဘူး”ဟု ၎င်းကပြောပါတယ်။

အလားတူ ရွေးကောက်ပွဲဝင်ရန် စီစဉ်မှုကြောင့် KNU ဗဟိုအလုပ်အမှုဆောင်တာဝန်မှ နှုတ်ထွက်ထားကြောင်း ၎င်းက ဆိုပါတယ်။

“ကျွန်တော်တကယ်လို့သာ လွှတ်တော်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်လို့ရှိရင် ကျွန်တော့် တိုင်းရင်းသားတွေအတွက် ကျွန်တော်အများကြီး သူတို့ရဲ့အကျိုးအတွက် သူတို့ရဲ့ရှေ့ရေးအတွက် ဆောင်ရွက် ပေးနိုင်ဖို့ယုံကြည်တယ်။ နောက်တစ်ခုက ဧရာဝတီတိုင်းမှာ ကရင်တွေဗမာတွေအားလုံးစုပေါင်းနေထိုင်ကြတဲ့ အခါ လူမျိုးစုံဖြစ်တဲ့အတွက် ကရင်-ဗမာချစ်ကြည်ရေးကို ပိုထမ်းဆောင်နိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်”ဟု ပဒိုမန်းငြိမ်းမောင်ကထပ်မံပြောသည်။

Photo – ကရင်အမျိုးသားမီဒီယာ

#PeopleMedia #KNU #2020election #ပဒိုမန်းငြိမ်းမောင်


Share this post