• Follow Us on

Home သန်လျင်မြို့၊ ဗိုလ်ချုပ်ကျေးရွာမှ ရာအိမ်မှူး ဦးရဲဒင်သည် ဈေးသွားစဉ် လမ်းခရီး၌ သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံး

သန်လျင်မြို့၊ ဗိုလ်ချုပ်ကျေးရွာမှ ရာအိမ်မှူး ဦးရဲဒင်သည် ဈေးသွားစဉ် လမ်းခရီး၌ သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံး

Share this post

ရန်ကုန်၊ စက်တင်ဘာ ၂၉ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ နယ်မြေ (၁၁) ဗိုလ်ချုပ်ကျေးရွာမှ ရာအိမ်မှူးဖြစ်သူ ဦးရဲဒင်(ခ)ကု လားကြီးသည် ယနေ့ နံနက် ၇ နာရီ ၅၀ မိနစ်အချိန်က ဈေးသွားစဉ် လမ်းခရီး၌ သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံးခဲ့သည်။

 

ဖြစ်စဉ်မှာ ဦးရဲဒင်(ခ)ကုလားကြီး ၅၂နှစ် (လက်ရှိ ရာအိမ်မှူး)ဖြစ်သူသည် နေအိမ်မှ သန်လျင်မြို့မဈေးသို့ ဈေးဝယ်ထွက်စဉ် ဆယ်ပြည့်ကပ်ကျော်အေးဘုရား ရှေ့ပေ (၅၀) ခန့်အကွာ ရွာလယ်လမ်းမရောက်တွင် အမည်မသိသူမှ ရောက်ရှိလာပြီး ဦးရဲဒင်(ခ)ကုလားကြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးရဲဒင်(ခ)ကုလားကြီးမှာ ယာဘက်နားထင်ဖောက်ထွင်း ဒဏ်ရာ (၁) ချက်၊ ယာ ဘက်ရင်ဘတ် ဖောက်ထွင်းဒဏ်ရာ (၁) ချက်ရရှိပြီး၊ အခင်းဖြစ်သည့်နေရာတွင် အဆိုပါ ဒဏ်ရာများဖြင့် သေ ဆုံးသွားခဲ့ကြောင်း သိရသည်။

 

ပစ်ခတ်ခဲ့သည့် ကျည်ခွံ (၅) ခုအား စစ်ဆေးရာ USA-9MM များကြောင့် သိရှိရပြီး၊ သေဆုံးသူ ဦးရဲဒင်အား သန်လျင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး၊ အမည်မသိသူ ပစ်ခတ်သူတို့အား အမြန်ဆုံးဖမ်းဆီးနိုင်ရေးအတွက် လိုက်လံစုံစမ်းဆောင်ရွက်နေကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

 

#PeopleMedia #သန်လျင်မြို့

 

(unicode)


……………………………………………………………..

 


 


 


 


 


 



Share this post