• Follow Us on

Home သပိတ်ကျင်းမြို့နယ်၌ အဆိပ်ခက်ထားသည့်အများသုံးရေကန်မှရေသောက်မိပြီး အမျိုးသမီးတစ်ဦးသေဆုံး စေမှုနှင့်ပတ်သက်၍ ကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးရမိ

သပိတ်ကျင်းမြို့နယ်၌ အဆိပ်ခက်ထားသည့်အများသုံးရေကန်မှရေသောက်မိပြီး အမျိုးသမီးတစ်ဦးသေဆုံး စေမှုနှင့်ပတ်သက်၍ ကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးရမိ

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

မန္တလေးလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်တွင် အဆိပ်ခက်ထားသည့်အများသုံးရေကန်မှ ရေသောက်မိ ပြီး အမျိုးသမီးတစ်ဦးသေဆုံးစေမူနှင့်ပတ်သက်၍ ကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးရမိကြောင်း နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြထားသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ အုံးဇုံးကျေးရွာအုပ်စု၊ ဆင်မွှေးကျေးရွာရှိ အများ သုံးရေကန်အတွင်းမှ ရေအားသောက်သုံးမိသည့်အမျိုးသမီးတစ်ဦးမှာ ဇန်နဝါရီ ၂၁ ရက်က သေဆုံးခဲ့သည်။

အဆိုပါအမျိုးသမီးတစ်ဦးသေဆုံးခဲ့သည့်ဖြစ်စဉ်ကြောင့် သပိတ်ကျင်းမြို့ မြို့မရဲစခန်းမှ သေမှုသေခင်းဖြင့် အမှု ဖွင့်စုံစမ်းစစ်ဆေးခဲ့ပြီး ရေကန်အတွင်းမှ ရေအား ဓါတုဗေဒဝန်ရုံးသို့ ပေးပို့စစ်ဆေးခဲ့ရာ ဆိုင်ရာနိုက်အဆိပ်ကို စမ်းသပ်တွေ့ရှိရသဖြင့် လူတစ်ဦးတစ်ယောက်အား အသက်သေစေရန်အကြံဖြင့် အဆိပ်ခတ်သူအား အရေး ယူရန် သပိတ်ကျင်းမြို့ မြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မဖြင့် ပြောင်းလဲဖွင့်လှစ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ၌ ဖော်ပြထားသည်။

ထို့နောက် ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတပ်ဖွဲ့ဝင်များ၊ သပိတ်ကျင်းမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ဇရပ်ကွင်း ရဲကင်း၊ သတင်းရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့နှင့် အုံးဇုံးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပါဝင်သောအဖွဲ့မှ စုံစမ်းဖော်ထုတ်ခဲ့ရာ ရေကန်အတွင်းအဆိပ်ချသူ မင်းခန့်မောင် (ခ) ရှမ်းကြီး (ခ) ခိုင်လတ်ဇော်နှင့် ၎င်းအားစေ ခိုင်းသူ ဝင်းနိုင်တို့အား စုံစမ်းဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်းဆက်လက်ဖော်ပြထားသည်။

တရားခံ မင်းခန့်မောင် (ခ) ရှမ်းကြီး (ခ)ခိုင်လတ်ဇော်က ၎င်း၏သဘောဆန္ဒအလျောက် ဇန်နဝါရီ ၂၅ ရက်က သပိတ်ကျင်းမြို့ မြို့နယ်တရားရုံးတွင် ဖြောင့်ချက်ပေးခဲ့ပြီး အဆိုပါအမှုနှင့်ပတ်သက်၍ သပိတ်ကျင်းမြို့၊ မြို့မရဲ စခန်းမှ တရားစွဲတင်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

#PeopleMedia #သပိတ်ကျင်းမြို့

(unicode)
……………………………………………………………









Share this post