• Follow Us on

Home သမၼတပူတင္၏ျပဳျပင္ေျပာင္းလဲေရး အစီအစဉ္ေၾကာင့္ ႐ုရွားအစိုးရအဖြဲ႕ ႏႈတ္ထြက္

သမၼတပူတင္၏ျပဳျပင္ေျပာင္းလဲေရး အစီအစဉ္ေၾကာင့္ ႐ုရွားအစိုးရအဖြဲ႕ ႏႈတ္ထြက္

Share this post

ႏိုင္ငံတကာ၊ ဇန္နဝါရီ ၁၆

႐ုရွားသမၼတ ဗလာဒီမာပူတင္သည္ ၎အာဏာဆက္လက္တည္ၿမဲေစႏိုင္သည့္ ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာ ေျပာင္းလဲမႈမ်ားကို က်ယ္က်ယ္ျပန္႔ျပန္႔အဆိုျပဳၿပီးေနာက္ နာရီအနည္းအၾကာတြင္ ႐ုရွားအစိုးရအဖြဲ႕ ႏႈတ္ထြက္သြားသည္။

ပူတင္၏အဆိုျပဳခ်က္မ်ားကို အမ်ားျပည္သူမဲခြဲဆုံးျဖတ္ၿပီးလက္ခံလိုက္ပါက တိုင္းျပည္အာဏာသည္ သမၼတထံမွ ပါလီမန္၏လုပ္ပိုင္ခြင့္အျဖစ္ ေျပာင္းလဲသြားမည္ျဖစ္သည္။

လက္ရွိသမၼတ ပူတင္သည္ ၎၏စတုတၳသက္တမ္းကုန္ဆုံးခ်ိန္ျဖစ္သည့္ ၂၀၂၄ ခုႏွစ္တြင္ ရာထူးမွဆင္းေပးရမည္ျဖစ္သည္။ သို႔ေသာ္ပူတင္သည္ အခန္းက႑သစ္တစ္ခုဖန္တီးရန္ သို႔မဟုတ္ ေနာက္ကြယ္မွ အာဏာရယူထားႏိုင္သည္ဆိုေသာ ထင္ျမင္ခ်က္မ်ားလည္း ထြက္ေပၚေနသည္။

ပူတင္သည္ ဖြဲ႕စည္ပုံအေျခခံဥပေဒဆိုင္ရာေျပာင္းလဲမႈမ်ားႏွင့္ပတ္သက္၍ ႏွစ္စဉ္ႏိုင္ငံေတာ္အေျချပမိန္႔ခြန္းတြင္ လႊတ္ေတာ္အမတ္မ်ားအား ေျပာၾကားခဲ့သည္။ ထိုသို႔မိန္႔ခြန္းေျပာၾကားၿပီးေနာက္မ်ားမၾကာမီတြင္ အေျပာင္းအလဲမ်ား အဆင္ေျပေခ်ာေမြ႕ေစေရး ကူညီရန္ ႐ုရွားအစိုးရအဖြဲ႕ႏႈတ္ထြက္ေၾကာင္း ၀န္ႀကီးခ်ဳပ္ ဒီမီထရီမက္ဗက္ဒက္ဗ္က ေၾကညာခဲ့သည္။

ယင္းသို႔မေၾကညာျခင္းမျပဳမီ ၀န္ႀကီးမ်ားသည္ အစိုးရအဖြဲ႕ႏႈတ္ထြက္မည္ဆိုျခင္းကို မသိရွိၾကေၾကာင္း ႐ုရွားအစိုးရအဖြဲ႕ သတင္းရင္းျမစ္မ်ားက ေျပာဆိုၾကၿပီး လုံး၀အံ့အားသင့္ဖြယ္ျဖစ္သည္ဆို၏။

တိုင္းျပည္အာဏာကို သမၼတထံမွ ပါလီမန္သို႔ေျပာင္းလဲမည့္ အဆိုျပဳခ်က္မ်ားႏွင့္ပတ္သက္၍ ျပည္လုံးကြၽတ္ ဆႏၵခံယူသြားမည္ျဖစ္ေၾကာင္း ပါလီမန္၌ မိန္႔ခြန္းေျပာၾကားရာတြင္ ႐ုရွားသမၼတပူတင္ကေျပာသည္။ လက္ရွိတြင္ ၀န္ႀကီးခ်ဳသစ္ကို သမၼတကခန္႔အပ္ထားၿပီး ပါလီမန္ကလည္း အတည္ျပဳထားသည္။

Ref: Russian government resigns as Vladimir Putin plans future

#peoplemedia #EPN

(unicode)
သမ္မတပူတင်၏ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကြောင့် ရုရှားအစိုးရအဖွဲ့ နှုတ်ထွက်
…………………………………………………………………………………

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၆

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၎င်းအာဏာဆက်လက်တည်မြဲစေနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြောင်းလဲမှုများကို ကျယ်ကျယ်ပြန့်ပြန့်အဆိုပြုပြီးနောက် နာရီအနည်းအကြာတွင် ရုရှားအစိုးရအဖွဲ့ နှုတ်ထွက်သွားသည်။

ပူတင်၏အဆိုပြုချက်များကို အများပြည်သူမဲခွဲဆုံးဖြတ်ပြီးလက်ခံလိုက်ပါက တိုင်းပြည်အာဏာသည် သမ္မတထံမှ ပါလီမန်၏လုပ်ပိုင်ခွင့်အဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။

လက်ရှိသမ္မတ ပူတင်သည် ၎င်း၏စတုတ္ထသက်တမ်းကုန်ဆုံးချိန်ဖြစ်သည့် ၂၀၂၄ ခုနှစ်တွင် ရာထူးမှဆင်းပေးရမည်ဖြစ်သည်။ သို့သော်ပူတင်သည် အခန်းကဏ္ဍသစ်တစ်ခုဖန်တီးရန် သို့မဟုတ် နောက်ကွယ်မှ အာဏာရယူထားနိုင်သည်ဆိုသော ထင်မြင်ချက်များလည်း ထွက်ပေါ်နေသည်။

ပူတင်သည် ဖွဲ့စည်ပုံအခြေခံဥပဒေဆိုင်ရာပြောင်းလဲမှုများနှင့်ပတ်သက်၍ နှစ်စဉ်နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် လွှတ်တော်အမတ်များအား ပြောကြားခဲ့သည်။ ထိုသို့မိန့်ခွန်းပြောကြားပြီးနောက်များမကြာမီတွင် အပြောင်းအလဲများ အဆင်ပြေချောမွေ့စေရေး ကူညီရန် ရုရှားအစိုးရအဖွဲ့နှုတ်ထွက်ကြောင်း ၀န်ကြီးချုပ် ဒီမီထရီမက်ဗက်ဒက်ဗ်က ကြေညာခဲ့သည်။

ယင်းသို့မကြေညာခြင်းမပြုမီ ၀န်ကြီးများသည် အစိုးရအဖွဲ့နှုတ်ထွက်မည်ဆိုခြင်းကို မသိရှိကြကြောင်း ရုရှားအစိုးရအဖွဲ့ သတင်းရင်းမြစ်များက ပြောဆိုကြပြီး လုံး၀အံ့အားသင့်ဖွယ်ဖြစ်သည်ဆို၏။

တိုင်းပြည်အာဏာကို သမ္မတထံမှ ပါလီမန်သို့ပြောင်းလဲမည့် အဆိုပြုချက်များနှင့်ပတ်သက်၍ ပြည်လုံးကျွတ် ဆန္ဒခံယူသွားမည်ဖြစ်ကြောင်း ပါလီမန်၌ မိန့်ခွန်းပြောကြားရာတွင် ရုရှားသမ္မတပူတင်ကပြောသည်။ လက်ရှိတွင် ၀န်ကြီးချုသစ်ကို သမ္မတကခန့်အပ်ထားပြီး ပါလီမန်ကလည်း အတည်ပြုထားသည်။

Ref: Russian government resigns as Vladimir Putin plans future

#peoplemedia #EPN


Share this post