• Follow Us on

Home သမ္မတ ဂျိုကိုဝီဒိုဒို အင်ဒိုနီးရှားနိုင်ငံ၌ ပထမဆုံး ကိုဗစ်ကာကွယ်ဆေး ထိုးနှံခံမည်

သမ္မတ ဂျိုကိုဝီဒိုဒို အင်ဒိုနီးရှားနိုင်ငံ၌ ပထမဆုံး ကိုဗစ်ကာကွယ်ဆေး ထိုးနှံခံမည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အင်ဒိုနီးရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို ဇန်နဝါရီလ ၁၃ ရက်တွင် စတင်ရန် စီစဉ်ထားကြောင်း ကျန်းမာရေးဝန်ကြီး ဘူဒီဂူနာဒီဆာဒီကင်က ယနေ့ ပြောကြားလိုက်သည်။

ဗိုင်းရပ်စ်ကာကွယ်ဆေး ပထမဆုံး ထိုးနှံခံသူများက သမ္မတ ဂျိုကိုဝီနှင့် ဗဟိုအစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဖြစ်လာ မည်ဟု သိရသည်။

ယနေ့ ဂျကာတာမြို့တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနတွင်ကျင်းပသည့် ၂၀၂၁ ခုနှစ် ကာကွယ်ဆေးထိုးနှံရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၌ ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

“ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို လာမယ့်အပတ်မှာ ဂျကာတာမြို့တော်မှာ ပြုလုပ်မှာဖြစ်ပြီး သမ္မတ ဂျိုကိုဝီကို အရင်ဆုံး ထိုးနှံပေးမှာဖြစ်ပါတယ်” ဟု သူကဆိုသည်။

သမ္မတ ဂျိုကိုဝီနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ကာကွယ်ဆေးထိုးနှံပေးပြီးလျှင် ကျန်းမာရေးလုပ်သားများကို ထိုးနှံပေးမည်ဖြစ်သည်။

သမ္မတ ဂျိုကိုဝီအား ပထမဆုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမှုက ကာကွယ်ဆေးအပေါ် ပြည်သူ လူထု၏ ယုံကြည်မှုရရှိစေရန်ဖြစ်သည်။

ကိုးကား – တန်ပို

Ref; President Jokowi to Receive First Dose of Covid-19 Vaccine Next Week

#PeopleMedia

(unicode)
…………………………………………….









Ref; President Jokowi to Receive First Dose of Covid-19 Vaccine Next Week

#PeopleMedia


Share this post