• Follow Us on

Home သာသနာတော်သက်တမ်းတစ်လျှောက်တွင် ဖျက်လိုဖျက်ဆီးပေါ်ပေါက်ခဲ့သော ရဟန်းညစ်၊ ရဟန်းဆိုးတို့၏ မိစ္ဆာဝါဒအယူအဆအမျိုးမျိုးတို့ကို အကြိမ်ကြိမ်အခါခါသုတ်သင်ရှင်းလင်းခဲ့ကြကြောင်း နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ မိန့်ကြား

သာသနာတော်သက်တမ်းတစ်လျှောက်တွင် ဖျက်လိုဖျက်ဆီးပေါ်ပေါက်ခဲ့သော ရဟန်းညစ်၊ ရဟန်းဆိုးတို့၏ မိစ္ဆာဝါဒအယူအဆအမျိုးမျိုးတို့ကို အကြိမ်ကြိမ်အခါခါသုတ်သင်ရှင်းလင်းခဲ့ကြကြောင်း နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ မိန့်ကြား

Share this post

နေပြည်တော်၊ မတ် ၉

 

သာသနာတော်သက်တမ်းတစ်လျှောက်တွင် ဖျက်လိုဖျက်ဆီး ပေါ်ပေါက်ခဲ့သော သာသနာဖျက် ရဟန်းညစ်၊ ရဟန်းဆိုးတို့၏ မိစ္ဆာဝါဒ အယူအဆအမျိုးမျိုးတို့ကို အကြိမ်ကြိမ်အခါခါ သုတ်သင်ရှင်းလင်းခဲ့ကြကြောင်း နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသမှ မိန့်ကြားသည်။

 

မတ်လ ၈ ရက်၊ နံနက်အချိန်က ကျင်းပခဲ့သည့် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ ဒသမအစည်းအဝေး၌ ဗန်းမော်ဆရာတော်ကြီးမှ အထက်ပါအတိုင်း ထည့်သွင်းမိန့်ကြားခဲ့ခြင်းဖြစ်သည်။

 

“သာသနာတော်သက်တမ်းတစ်လျှောက်မှာ ဖျက်လိုဖျက်ဆီး ပေါ်ပေါက်ခဲ့ကြကုန်တဲ့ သာသနာဖျက် ရဟန်း ညစ်၊ ရဟန်းဆိုးတို့ရဲ့ မိစ္ဆာဝါဒ အယူအဆအမျိုးမျိုးတို့ကို သာသနာ့ဦးသျှောင် ဆရာတော် သံဃာတော် အရှင်မြတ်ကြီးများက ဓမ္မဝိနယနဲ့ ညီညွတ်စွာ အကြိမ်ကြိမ်အခါခါ သုတ်သင်ရှင်းလင်းခဲ့ကြရပါတယ်” ဟု ဗန်းမော်ဆရာတော်ကြီးမှ မိန့်ကြားသည်။

 

ထိုကဲ့သို့ သုတ်သင်ရှင်းလင်းမှုများကို သင်္ဂါယနာတင်ခြင်းဟု ခေါ်ဆိုနိုင်ပြီး နောက်ဆုံးတင်တော်မူခဲ့သည့် ဆဋ္ဌသင်္ဂါယနာပွဲကြီးက သန့်ရှင်းသုတ်သင် တည်းဖြတ်ကာ အတည်ပြုတော် မူထားသည့် ပိဋကသုံးသွယ် နိကာယ်ငါးရပ် ဓမ္မက္ခန္ဓာတော်မြတ်တို့အတိုင်း ယခု ဘုရားတပည့်တော်တို့ ကျင့်ကြံအားထုတ်ခွင့် ရရှိနေကြပါ သည် ဘုရားဟု ဗန်းမော်ဆရာတော်ကြီးမှ မိန့်ကြားသည်။

 

ဝိနည်းသိက္ခာပုဒ်ပညတ်တော်မူခြင်း၏ အကျိုးတရားများတွင် ရှေးဦးမဆွ သံဃသုန္ဒူ၊ သံဃဖာသု ဖြစ်ဖို့ရန် အရေးပါသည်။ ဘုရားဟောဖော် ပါဠိတော်များနှင့် ဝိနည်းပညတ်တော် မူချက်များအတိုင်း လိုက်နာကျင့်သုံး နေထိုင်ကြရန်မှာ အလွန်အရေးကြီးလှပါသည်ဘုရား။ ဘုရားရှင်အလိုတော်ကျ ဘုရားတပည့်တော်တို့ အဆက် ဆက် ကျင့်သုံးနေထိုင်ကြမည်ဆိုလျှင် သာသနာကွယ်ပစရာ အကြောင်းတရားများ ပေါ်ပေါက်လာဖွယ် မရှိ နိုင်သည်ဖြစ်ခြင်းကြောင့် ဘုရားရှင်၏ ယဉ်ကျေးသိမ်မွေ့သော အဆုံးအမတော်များအတိုင်း ဆက်လက် ကျင့် ကြံနေထိုင်သွားကြရမည်ဖြစ်ပါသည်ဘုရားဟု ဗန်းမော်ဆရာတော်ကြီးမှ မိန့်ကြားခဲ့သည်။

 

#PeopleMedia

 

(unicode)


…………………………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post